Ads
ads

Video Sources 0 Views

  • Watch trailer
Devagudi

Devagudi

Jan. 30, 2026India152 Min.NR
Your rating: 0
8 1 vote

Synopsis

Devagudi (2-0-2-6) Telugu

“ဂုဏ်သိက္ခာကို အသက်ထက်ပိုတန်ဖိုးထားတဲ့အခါ… ချစ်ခြင်းမေတ္တာဆိုတာ သေဒဏ်ပေးခံရမယ့် အပြစ်တစ်ခု ဖြစ်လာခဲ့တယ်”

တောင်ပိုင်း Action Drama ကားကြမ်းကြမ်းလေးတွေမှ ကြိုက်တဲ့ ဘော်ဒါတို့အတွက် Rayalaseema ဒေသရဲ့ အငွေ့အသက်တွေ အပြည့်ပါတဲ့ အိန္ဒိယ Telugu ရွာကား အသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

ဒီကားမှာတော့ အာဏာစက်ပြင်းတဲ့ ရွာလူကြီး ဗီရာရက်ဒီ အဖြစ် ဝါရင့်သရုပ်ဆောင် Raghu Kunche က အဓိက ခေါင်းဆောင်ပါဝင်ထားပြီး လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Abhinav Shaurya နဲ့ မင်းသမီး Anushri တို့က အားဖြည့်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့… ဒေဗာဂူဒီ ရွာမှာ ဗီရာရက်ဒီ ဆိုတာ တစ်ရွာလုံးက လေးစားကြောက်ရွံ့ရတဲ့၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှု (Caste hierarchy) ကို အသက်တမျှ စောင့်ထိန်းတဲ့ သြဇာကြီး ရွာလူကြီးတစ်ယောက်ပါ။ သူ့မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတဲ့အထဲကမှ ကံကြမ္မာက ရယ်စရာကောင်းစွာနဲ့ပဲ အဲဒီသမီးဖြစ်သူက ဗီရာရက်ဒီ လုံးဝ သဘောမတူနိုင်တဲ့ ဇာတ်နိမ့်ကောင်လေး တစ်ယောက်နဲ့ ချစ်ကြိုက်သွားတဲ့အခါ…

ဂုဏ်သိက္ခာကို ရှေ့တန်းတင်တဲ့ အဖေဖြစ်သူက ဒီအချစ်ရေးကို လုံးဝလက်မခံဘဲ ကောင်လေးကို သတ်ဖို့အထိ ကြံစည်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သတ်မယ့်အစား ရွာကနေ အပြီးအပိုင် နှင်ထုတ်လိုက်ပါတယ်။ နှစ်တွေကြာလာတဲ့အခါ… တစ်ချိန်က အာဏာစက်ပြင်းခဲ့တဲ့ ဗီရာရက်ဒီ တစ်ယောက် ဆေးရုံကုတင်ပေါ် ရောက်နေချိန်၊ သူ့ကို လုပ်ကြံဖို့ အချိန်းအချက်စောင့်နေတဲ့ ရန်သူတွေ ဝိုင်းနေတဲ့အချိန်မှာပဲ… သူ့သမီးဖြစ်သူ ရုတ်တရက် ပျောက်ဆုံးသွားပါတော့တယ်။

ဒီလို အကျပ်အတည်းတွေကြားမှာ ပျောက်သွားတဲ့ သမီးဖြစ်သူက ဘယ်ရောက်သွားတာလဲ… သူငယ်ချင်း သံယောဇဉ်တွေကြားက ပြဿနာတွေ၊ အတိတ်က နှင်ထုတ်ခံရတဲ့ ကောင်လေးကရော ကလဲ့စားချေဖို့ ပြန်ရောက်လာတာလား… ရန်သူတွေကပဲ ဖမ်းသွားတာလား…

မတူညီတဲ့ ဇာတ်တန်းခွဲခြားမှုတွေ၊ မိသားစု သံယောဇဉ်တွေနဲ့ ရွာအချင်းချင်း အာဏာလုပွဲ (Faction rivalries) တွေကို အကြမ်းစား Action ခန်းတွေနဲ့ ရောမွှေတင်ဆက်ထားတာဖြစ်လို့ တောင်ပိုင်း အက်ရှင်ကား ပရိသတ်တွေအတွက် အကြိုက်တွေ့စေမှာပါ။

Genre ….. Action, Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.3GB / 2.59GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

ads
Devagudi
Original title Devagudi
IMDb Rating 2.2 2,045 votes
TMDb Rating 4 1 votes

Director

Cast

Anusri isSwetha
Swetha
Narasimha Toshi isRaghava Reddy
Raghava Reddy
Raghu Kunche isVeera Reddy
Veera Reddy

ads

Similar titles

Blackout
Witch Hunter
Rise of the Planet of the Apes
Memories of the Sword
Kudumbasthan
Tu Yaa Main
Pretty Crazy
Pennu Case
Pattaya Heat
Despicable Me 4
Mercy
Bullet Train Explosion

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On