
Humint (2026)
IMDB ⭐️ 6.6/10
Spy game ထဲမှာ အကြီးဆုံး enemy က trust ပဲ..
နယ်စပ်က တောင်မြောက် အေးဂျင့်တွေကြားက ပြင်းထန်တဲ့ အားပြိုင်မှု..
သူ့ဘက် ကိုယ့်ဘက် မဟုတ်ဘူး
အသက်ရှင်ဖို့ဘက်ပဲ..
ဒီတစ်ခေါက်မှာတော့ အက်ရှင်နဲ့ အေးဂျင့်ကားတွေ ကြိုက်နှစ်သက်တဲ့ ဝါသနာရှင်တွေအတွက် မဖြစ်မနေ စောင့်ကြည့်ရမဲ့ “Humint” ဆိုတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နယ်စပ်ဒေသက လျှို့ဝှက်ချက်တွေနဲ့အတူ အသက်ရှူမှားလောက်မဲ့ အားပြိုင်မှုတွေကို ဘယ်လို Cinematic Style မျိုးနဲ့ မြင်တွေ့ရမလဲဆိုတာ ရင်ခုန်စရာပါ။
နယ်စပ်က သွေးအေးစစ်ပွဲကြားမှာ ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေလဲ။ ပန်းတိုင်တစ်ခုတည်းအတွက် ထိပ်တိုက်တွေ့ကြမဲ့ အေးဂျင့်တွေရဲ့ ကစားပွဲမှာ နောက်ဆုံး ဘယ်သူက အနိုင်ရရှိမလဲ။
ဒီဇာတ်ကားကို “Veteran” နဲ့ “Escape from Mogadishu” တို့လို နာမည်ကြီး အက်ရှင်ကားတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Ryu Seung Wan က ရိုက်ကူးထားတာဖြစ်လို့ သူ့ရဲ့ ထူးခြားတဲ့ Narrative Vibe နဲ့ အမိုက်စား အက်ရှင်ကွက်တွေကို စိတ်ချလက်ချ စောင့်မျှော်ကြည့်ရှုနိုင်မှာပါ။
သရုပ်ဆောင်ပိုင်းမှာတော့ Jo In Sung က ဌာနမှူးဂျိုအဖြစ်နဲ့ ဝါရင့်အေးဂျင့်တစ်ယောက်ရဲ့ ခန့်ညားတဲ့ Visual ကို ပြသထားပြီး Park Jeong Min ကတော့ ဘတ်ဂွန်းအဖြစ်နဲ့ ထုံးစံအတိုင်း ထူးခြားတဲ့ သရုပ်ဆောင်မှု Transformation မျိုးကို ယူဆောင်လာဦးမှာပါ။ Park Hae Joon က ဟွမ်ချီဆောင်းအဖြစ်နဲ့ အားကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို ပေးစွမ်းထားသလို Shin Sae Kyeong ကလည်း ချယ်ဆွန်းဟွာအဖြစ်နဲ့ သူ့ရဲ့ အလှအပထက် ပိုတဲ့ သရုပ်ဆောင်မှု အသစ်အဆန်းတွေကို ချပြထားပါတယ်။
ဒါ့အပြင် Jung Eugene က ဌာနမှူးဂျိုရဲ့ ဂျူနီယာ လက်ထောက်အင်အဖြစ်နဲ့ရော Lee Shin Ki က မြောက်ကိုရီးယား သံရုံးဝန်ထမ်း ဂွန်းဒယ်ဟျော့အဖြစ်နဲ့ပါ ဇာတ်လမ်းရဲ့ အခင်းအကျင်းကို ပိုမိုခိုင်မာအောင် ပံ့ပိုးပေးထားကြပါတယ်။ Noir Vibe အပြည့်နဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်ပြီး Trust ဆိုတာ ဒီကားထဲမှာ အသက်ထက်တန်ဖိုးရှိတယ်ဆိုတာ ပြသသွားမှာမို့ အေးဂျင့်ကားကောင်း ကြိုက်သူတွေအတွက် “Must-Watch”ပါပဲ။
ဒီကားလေးကို ကြည့်ပြီးရင်တော့ အေးဂျင့်တွေကြားက Chemistry နဲ့ တင်းမာမှု Feel ကို ခံစားရမှာ အမှန်ပဲမို့ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်။
Genre ….. Action, Drama, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.03GB / 2.06GB
Review ….. Bom
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel