Ads
ads
ads

Video Sources 0 Views

  • Watch trailer
Mama: Pesan Dari Neraka

Mama: Pesan Dari Neraka

Sep. 11, 2025Indonesia92 Min.NR
Your rating: 0
6 1 vote

Synopsis

M_a-m-a: P-e_sa-n da-ri Ne_ra-ka (2-0-2-5)

IMDB ⭐️ 5.9/10

“ကျောချမ်းစရာနိုတီသံ”

“Ex ဆီက စာမလာလို့ ဝမ်းနည်းမနေနဲ့၊ သေပြီးသား အမေဆီက စာတွေတောင် ရောက်လာဦးမှာ…”

Indo Horror ကောင်းကောင်း ကြိုက်တဲ့သူတွေအတွက် “Mama: Pesan dari Neraka” (Mama: Message from Hell) ဆိုတဲ့ ဇာတ်ကားသစ်လေး တစ်ကားကို ညွှန်းပေးချင်ပါတယ်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ ထွက်ရှိထားတဲ့ ဒီကားက နာမည်ကြီး Youtuber Nessie Judge ရဲ့ Viral ဖြစ်ခဲ့တဲ့ ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။

ဆာရီဆိုတဲ့ အမျိုးသမီးဟာ နာမည်ကြီး တားရော့ဗေဒင်ဆရာမတစ်ယောက်ဖြစ်ပြီး အထက်တန်းလွှာတွေကြားမှာ အရမ်းကို ဩဇာညောင်းသူပေါ့။ ဒါပေမဲ့ သူ့သမီး ပူတရီနဲ့တော့ ဆက်ဆံရေး သိပ်အဆင်မပြေပါဘူး။

တစ်နေ့မှာတော့ ကံဆိုးမိုးမှောင်ကျပြီး ဆာရီတစ်ယောက် မတော်တဆမှုနဲ့ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။

ထူးခြားတာက ဆာရီ သေဆုံးပြီး အသုဘအခမ်းအနားပြီးတဲ့ ညမှာပဲ ပူတရီရဲ့ ဖုန်းဆီကို သူ့အမေဆီက မက်ဆေ့တစ်စောင် ရောက်လာခဲ့ပါတယ်။

အစပိုင်းမှာတော့ ဘယ်သူနောက်တာလဲဆိုပြီး ဒေါသထွက်ခဲ့ပေမဲ့ နောက်ပိုင်းရောက်လာတဲ့ မက်ဆေ့တွေက အနာဂတ်မှာ ဖြစ်ပျက်မဲ့ကိစ္စတွေကို တိတိကျကျ ဟောပြောနေတဲ့အပြင် တစ်ခါတလေ သူလက်ရှိလုပ်နေတာတွေကိုပါ ဖုန်းထဲက မက်ဆေ့တွေက သိနေတဲ့ပုံစံပြနေတဲ့အခါ…

ဒီမက်ဆေ့တွေက တကယ်ပဲ သေလွန်သူ အမေဆီက လာတာလား… ဒါမှမဟုတ် ငရဲကလာတဲ့ စာတွေလား… ပူတရီ တစ်ယောက် ဘယ်လိုထိတ်လန့်စရာတွေ ကြုံရမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။

Indo Horror တွေရဲ့ ထုံးစံအတိုင်း Jump Scare တွေ၊ သွေးထွက်သံယိုတွေထက် စိတ်ကို ခြောက်ခြားစေတဲ့ Psychological Horror ဘက်ကို ပိုသွားထားပါတယ်။ Tarot ကတ်တွေ၊ ဖုန်း screen ပေါ်က စာသားတွေနဲ့ အမှောင်ထုကို ကောင်းကောင်းအသုံးချပြီး ခြောက်လှန့်ထားတာမို့ ညဘက်တစ်ယောက်တည်းကြည့်ရင် ကျောချမ်းစရာ ကောင်းနေမှာ အသေအချာပါပဲ။

Genre ….. Horror, Mystery
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 909.25MB / 1.8GB
Review ….. Venus
Translator ….. RMC Team
Encoder ….. N.A.S

Rainbow Channel

ads
Mama: Pesan Dari Neraka
Mama: Pesan Dari Neraka
Original title Mama: Pesan Dari Neraka
IMDb Rating 5.9 16 votes
TMDb Rating 5 1 votes

ads

Similar titles

Gadhi
Tarot
Nocturnal
Diabolical
Baaghi 2
Snow Valley
Primate
Detective Chinatown 1900
Meg 2: The Trench
Pamali: The Corpse Village
Forgive Us All
The Unholy 2

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On