
M_u-d_b-o_r-n (2-0-2-5)
“ငါက သူ့အဖေလုပ်မယ်… ငါက သူ့အမေလုပ်မယ်… သူ့ကို ထာဝရ ချစ်သွားမယ်”
ကလေးဘဝတုန်းက ဆိုခဲ့ဖူးတဲ့ ချစ်စရာ ကလေးကဗျာလေးတစ်ခုက တကယ်တမ်းမှာ သွေးပျက်စရာ ကျိန်စာတစ်ခု ဖြစ်နေခဲ့မယ်ဆိုရင်…
အိမ်မှာကြည့်ရင်း ကျောထဲစိမ့်သွားစေမယ့် ထိုင်ဝမ် Folk Horror ကားကောင်းကောင်း မျှော်နေသူတွေအတွက် ၂၀၂၅ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးစာရင်းဝင် “Mudborn” ဆိုတဲ့ ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။
နာမည်ကျော် မင်းသား Tony Yang နဲ့ မင်းသမီး Cecilia Choi တို့က အဓိက ခေါင်းဆောင်ပါဝင်ထားပြီး Derek Chang, Puff Kuo တို့လို အချစ်တော်တွေပါ အားဖြည့်ထားတာမို့ casting တစ်ပေါက် လျှမ်းလျှမ်းတောက်ပဲပေါ့။
ဇာတ်လမ်းကတော့ ရွှိချွမ်းဆိုတဲ့ VR ဂိမ်းရေးဆွဲသူ ကောင်လေးက သူ့ရဲ့ သရဲဂိမ်းပရောဂျက်အတွက် သုတေသနလုပ်ဖို့ဆိုပြီး နာမည်ကြီး သရဲခြောက်တဲ့ နေရာတစ်ခုကနေ ပျက်စီးနေတဲ့ ရွှံ့ရုပ်လေးတစ်ခုကို အိမ်ကို ကောက်ယူလာခဲ့ရာကနေ စပါတယ်။
ပြဿနာက သူ့ရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည် မုဟွားက ရှေးဟောင်းပစ္စည်းတွေ ပြုပြင်ထိန်းသိမ်းတဲ့သူပီပီ ဒီရွှံ့ရုပ်လေးကို ပြန်လည်ပြုပြင်ဖို့ စွဲစွဲလမ်းလမ်း ကြိုးစားရာကနေ ထူးခြားမှုတွေ စတင်ပါတော့တယ်။ ရွှံ့ရုပ်လေး ပြင်လို့ ပြီးခါနီးလေလေ၊ အိမ်ထဲမှာ ရှင်းပြလို့မရတဲ့ သဘာဝလွန် ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်လာလေလေပါပဲ။
နောက်ပိုင်းမှာ ကိုယ်ဝန်ဆောင် ဇနီးသည်ရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တဖြည်းဖြည်း ယိုယွင်းလာပြီး ဒီရွှံ့ရုပ်လေးနဲ့ သူတို့အိမ်က ခြောက်ခြားစရာ အခြေအနေတွေကြားမှာ ဘယ်လိုတွေ ဗျာများကြမလဲ… “ရွှံ့ရုပ်လေး” ဆိုတဲ့ ကလေးကဗျာလေးရဲ့ နောက်ကွယ်က ဆိုးရွားတဲ့ အတိတ်နဲ့ ကျိန်စာတွေကို သွားဆွမိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့…..
Genre ….. Horror, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 700MB / 1.52GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel