
Once We Were Us (2025)
မဖြစ်နိုင်တော့တဲ့ အတိတ်တစ်ခုရဲ့ အမှတ်တရ..
အချစ်ဦးဆိုတာ နာကျင်ဖို့ပဲ ဖန်တီးထားတာလား..
အတိတ်က အရောင်တွေနဲ့ တောက်ပခဲ့ပေမဲ့
လက်ရှိမှာတော့ အဖြူအမည်းပဲ ကျန်ခဲ့တော့တယ်..
၂၀၁၈ ခုနှစ်က ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်ခဲ့တဲ့ နာမည်ကြီး တရုတ်ရုပ်ရှင် Us and Them ကို ကိုရီးယားဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ Once We Were Us ဟာ “မင်းသာ အဆုံးထိ ငါ့ဘေးမှာ ရှိနေပေးခဲ့ရင်.. ငါတို့ အခု ဘယ်လို ဖြစ်နေမလဲ” ဆိုတဲ့ မေးခွန်းလေးနဲ့အတူ လူငယ်နှစ်ယောက်ရဲ့ နာကျင်စရာကောင်းလှတဲ့ အချစ်ဇာတ်လမ်းကို အနုပညာဆန်ဆန် ပုံဖော်ထားပါတယ်။
ဒီကားမှာ ပရိသတ်တွေ အမျှော်လင့်ဆုံးဖြစ်တဲ့ “Dream Team” အဖြစ် D.P. မင်းသား Koo Kyo Hwan က ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ အီအွန်းဟို အဖြစ် ပီပြင်စွာ သရုပ်ဆောင်ထားသလို True Beauty က အလှလေး Moon Ga Young ကလည်း အချစ်နဲ့ လက်တွေ့ဘဝကြား ရုန်းကန်ရတဲ့ ဟန်ဂျောင်ဝမ်အဖြစ် အရင်နဲ့မတူတဲ့ ရင့်ကျက်တဲ့အလှတရားတွေနဲ့ ဖမ်းစားထားပါတယ်။
ဒါရိုက်တာ Kim Do Young က အတိတ်ကို အရောင်တွေနဲ့ ပြသပြီး လက်ရှိအချိန်ကို အဖြူအမည်းနဲ့ ရိုက်ကူးပြသသွားတဲ့ Cinematic Style ကြောင့် ကြည့်ရှုသူတွေကို “အချစ်ရှိတဲ့ အတိတ်က ပိုတောက်ပခဲ့ပါလား” ဆိုတာကို ခံစားမိစေပြီး ရင်ထဲမှာ တစ်ခုခုကို တနုံ့နုံ့ ခံစားနေရမဲ့ နာကျင်ဖွယ် ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာပါ။
မတော်တဆ ကားပေါ်မှာ ဆုံဆည်းခဲ့ကြတဲ့ အီအွန်းဟိုနဲ့ ဟန်ဂျောင်ဝမ်တို့က နှစ်အတော်ကြာ သူငယ်ချင်းအဖြစ်နဲ့ ရှိနေခဲ့ရာက သံယောဇဉ် ကြိုးတွေ ရစ်တွယ်လို့ ချစ်သူဖြစ်ခဲ့ကြပါတယ်။ နှစ်ယောက်သားရဲ့ ဘဝအနိမ့်အမြင့်အတက်အကျတွေကို အသေးစိတ် မြင်သာအောင် ရိုက်ကူးထားပြီး ချစ်သူတွေကြားဖြစ်တတ်တဲ့ ပြဿနာလေးတွေကိုပါ မီးမောင်းထိုးပြထားတာမို့ G-fatt ရဲ့ သမုဒယနွယ်သီချင်းနဲ့ ex ကို feel ချင်တဲ့သူတွေအတွက်၊ အသည်းကွဲဖူးတဲ့သူတွေနဲ့ အမှတ်တရတွေကို မြတ်နိုးတတ်တဲ့သူတိုင်းအတွက် ဒီကားလေးက နှလုံးသားကို တစ်ချက်တော့ လာပုတ်ခတ်ပါလိမ့်မယ်။
မူရင်းကားကို ကြိုက်ခဲ့တဲ့သူတွေရော အချစ်နဲ့ လက်တွေ့ဘဝကြား ရုန်းကန်ရတဲ့ Theme ကို နှစ်သက်သူတွေအတွက်ပါ “Must-watch” ကားတစ်ကားဖြစ်ပြီး အရွှန်းဖောက်တတ်တဲ့ လူငယ်ဘဝကနေ ဘဝဒဏ်တွေကြောင့် ရင့်ကျက်သွားရတဲ့ သရုပ်ဆောင်တွေရဲ့ ပြောင်းလဲမှုကို ကြည့်ရတာ တကယ့်ကို တန်မှာပါ။ အထူးသဖြင့် မိသားစုနဲ့ အချစ်ကြား၊ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကြားက ပဋိပက္ခတွေကို ပုံဖော်ထားတာက ပိုပြီး ရင်ထဲရောက်စေတာကြောင့် “နောင်တ” ဆိုတာ ဘယ်လောက်တောင် လှပပြီး နာကျင်ဖို့ကောင်းလဲဆိုတာကို ဒီကားလေးထဲ တစ်ရှူးလေးဆောင်ပြီး အတူတူ ခံစားကြည့်လိုက်ရအောင်နော်။
Genre ….. Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 916MB / 2GB
Review ….. Bom
Translator ….. Bom
Encoder ….. N.A.S
Rainbow Channel