
Ozora: Penganiayaan Brutal Penguasa Jaksel (2-0-2-5)
IMDB ⭐️ 6.1/10
“အမှန်တရားကို အာဏာနဲ့ ဖုံးကွယ်လို့ရတဲ့အခါ… တရားမျှတမှုဆိုတာ ဘယ်မှာလဲ”
Indo ရုပ်ရှင်လောကကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ အသစ်စက်စက်ထွက်ရှိလာတဲ့၊ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Crime Drama ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
တရားဥပဒေနဲ့ အာဏာရှင်တွေရဲ့ အားပြိုင်မှုကို ရင်နင့်ဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားဆိုလည်း မမှားပါဘူး။
ဇာတ်လမ်းကတော့… အဖေဖြစ်သူ ဂျိုနသန်ဟာ သာမန်ဘဝလေးကို ဖြတ်သန်းနေပေမဲ့ သူ့သားလေး ဒေးဗစ်အိုဇိုရာ ရက်ရက်စက်စက် ရိုက်နှက်ခံလိုက်ရပြီး ကိုမာဝင်သွားတဲ့အချိန်မှာတော့ သူ့ဘဝကြီး တစ်ဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်။
ပြဿနာက သူ့သားကို ဒီလိုဖြစ်အောင် လုပ်သွားတဲ့ တရားခံ ဒန်းနစ်ဆိုတဲ့ ကောင်လေးဟာ သာမန်လူမဟုတ်ဘဲ တောင်ဂျကာတာ (Jaksel) မြို့ရဲ့ အာဏာရှိတဲ့ အရာရှိကြီးတစ်ယောက်ရဲ့ သားဖြစ်နေတာပါပဲ။
သားဖြစ်သူ ကိုမာဝင်နေချိန်မှာ ဂျိုနသန်တစ်ယောက် သားအတွက် တရားမျှတမှုရဖို့ ကြိုးစားပေမဲ့… တရားခံဒန်းနစ်ကတော့ သူ့အဖေရဲ့ အာဏာနဲ့ အဆက်အသွယ်တွေကို သုံးပြီး ဥပဒေရဲ့ အပေါက်အပြဲတွေကနေ လွတ်မြောက်ဖို့ မျိုးစုံ ကြိုးစားပါတော့တယ်။
ငွေနဲ့ အာဏာရှိရင် ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ စနစ်ကြီးထဲမှာ သာမန် အဖေတစ်ယောက်က သားဖြစ်သူအတွက် ဘယ်လို ရုန်းကန်မလဲ… သူ့သူငယ်ချင်းတွေဖြစ်တဲ့ မယ်လီဆာနဲ့ ရူစတန်တို့ကရော ဘယ်လို ကူညီပေးကြမလဲ နောက်ဆုံးမှာ အမှန်တရားက အောင်နိုင်ပါ့မလားဆိုတာ အတူတူ ရှုစားလိုက်ရအောင်ပါ။
Genre ….. Crime, Drama, Mystery, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 858.82MB / 1.65GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel