Ads
ads
ads

Video Sources 0 Views

  • Watch trailer
Shutter

Shutter

Safe Space For AllOct. 30, 2025Indonesia89 Min.TV-MA
Your rating: 0
8 1 vote

Synopsis

S_h-u_t-t_e-r (2-0-2-5)

IMDb ⭐️ 6.7/10

“အတိတ်က အမှားတွေဆိုတာ ဖျက်ပစ်လို့ရတဲ့ ဓာတ်ပုံတစ်ပုံမဟုတ်ဘူး… အချိန်တန်ရင် ပုံရိပ်ထင်လာမယ့် ကျိန်စာတစ်ခုပဲ”

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ပရိသတ်တွေကို လည်ပင်းတွေပါ ညောင်းစေခဲ့ပြီး အကြောက်တရားတွေ ပေးစွမ်းနိုင်ခဲ့တဲ့ ထိုင်းဂန္တဝင် သရဲကားကြီး “Shutter (2004)” ကို မှတ်မိကြသေးတယ်မလား။ အခုတော့ အဲဒီ Masterpiece ကြီးကို အင်ဒိုနီးရှားကနေ ခံစားမှုအသစ်၊ အရသာအသစ်နဲ့ Remake ပြန်လည်ရိုက်ကူးထားတဲ့ ၂၀၂၅ ထွက် “Shutter” အသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာ အင်ဒိုနီးရှားရဲ့ နာမည်ကြီး မင်းသား Vino G. Bastian နဲ့ မင်းသမီးချော Anya Geraldine, Niken Anjani တို့က ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီး ဒါရိုက်တာ Herwin Novianto က တာဝန်ယူ ပုံဖော်ထားတာပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့ မူရင်းအတိုင်းပါပဲ… ဓာတ်ပုံဆရာ ဒါဝင် (Darwin) နဲ့ ချစ်သူ ပီယာ (Pia) တို့ ကားမောင်းလာရင်း ညဘက် လမ်းမပေါ်မှာ ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်ကို မတော်တဆ ဝင်တိုက်မိသွားရာကနေ စတင်ပါတယ်။ အဲဒီဖြစ်ရပ်ဆိုးအပြီးမှာတော့ ဒါဝင် ရိုက်သမျှ ဓာတ်ပုံတွေထဲမှာ ကြောက်မက်ဖွယ်ရာ အရိပ်မည်းတွေ၊ ပုံရိပ်ယောင်တွေ စတင်ပေါ်လာပါတော့တယ်။

ပီယာ တစ်ယောက် ဒီကိစ္စကို လိုက်လံစုံစမ်းရင်း အဲဒီအမျိုးသမီးရဲ့ အထောက်အထားကို ရှာဖွေတဲ့အခါ… ဒါဝင် အချိန်အတော်ကြာ ဖုံးကွယ်ထားခဲ့တဲ့ အင်မတန် မှောင်မိုက်တဲ့ အတိတ်က လျှို့ဝှက်ချက်ဆိုးကြီး တစ်ခုကို သွားပြီး တူးဆွမိလျက်သား ဖြစ်သွားပါတော့တယ်။

ဒီ ၂၀၂၅ အင်ဒိုဗားရှင်းမှာ ထူးခြားတာက အမေရိကန် Remake တုန်းကလို Jump Scare သက်သက်ချည်း မဟုတ်ဘဲ၊ သရဲမလေးရဲ့ နာကျင်မှု၊ ဝမ်းနည်းမှုနဲ့ အတိတ်က ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို Psychological Horror ပုံစံမျိုး ပိုပြီး နက်နက်ရှိုင်းရှိုင်း ထည့်သွင်းရိုက်ပြထားတာပါ။ လူတွေရဲ့ အမှောင်ခြမ်းနဲ့ ရက်စက်မှုတွေကို မီးမောင်းထိုးပြထားပြီး၊ ကြည့်နေရင်းနဲ့ သရဲကိုတောင် သနားလာမိစေမယ့် Emotional Vibe မျိုး ရစေမှာပါ။

မူရင်း ထိုင်းကားကြီးကို မီဖို့တော့ ခဲယဉ်းပေမယ့်၊ အမေရိကန်ဗားရှင်းထက်တော့ အများကြီး သာလွန်ပြီး အင်ဒိုဟော်ရာ Vibe လေးနဲ့ သွေးပျက်စရာကောင်းအောင် တင်ဆက်ထားတာမို့ ပိတ်ရက်မှာ အမှောင်ထဲ တစ်ယောက်တည်း ရင်တမမနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျာ။

Genre ….. Horror, Mystery
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 725.89MB / 1.46GB
Review ….. Venus
Translator ….. Venus
Encoder ….. SNNT

Rainbow Channel

ads
Shutter
Shutter
Shutter
Shutter
Shutter
Shutter
Shutter
Shutter
Shutter
Shutter
Original title Shutter
IMDb Rating 6.9 52 votes
TMDb Rating 6.8 2 votes

ads

Similar titles

Dark Night
Striking Rescue
Yevadu
Kuttram 23
The Fires
Romeo S3
Hidden Face
Gowok: Javanese Kamasutra
Eesha
A Working Man
Padai Thalaivan
Salvageland

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On