Ads
ads
ads
Sister

Sister

Jan. 28, 2026KR87 Min.NR
Your rating: 0
7 1 vote

Synopsis

Sister (2026)

IMDB ⭐️ 4.2/10

“Glory က နှစ်မြွှာမမရဲ့ Psychological Thriller ကားသစ်”

“ဒီနေ့ပဲ.. ငါ့အစ်မကို ငါကိုယ်တိုင် ပြန်ပေးဆွဲလိုက်ပြီ..”

“သွေးသားဆိုတာ တစ်ခါတလေမှာ အန္တရာယ်အရှိဆုံး လက်နက်တစ်ခု ဖြစ်သွားနိုင်တာမျိုး..”

ဒီရုပ်ရှင်ဟာ မိသားစုဝင်အချင်းချင်းကြားက သစ္စာဖောက်မှု၊ လောဘနဲ့ နက်ရှိုင်းတဲ့ နာကျည်းချက်တွေကို အခြေခံထားတဲ့ Psychological Thriller အမျိုးအစားဖြစ်ပါတယ်။ ဖျားနာနေတဲ့ မောင်လေးရဲ့ ခွဲစိတ်စရိတ်အတွက် ကိုယ့်ရဲ့ အစ်မကို ပြန်ပေးဆွဲဖို့ ဆုံးဖြတ်လိုက်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်ကြောင်းကို ရင်တထိတ်ထိတ်နဲ့ မြင်တွေ့ရမှာပါ။ ရိုးရှင်းတဲ့ ပြန်ပေးဆွဲမှုကနေ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဆီ ဦးတည်သွားတာမို့ ကြည့်နေရင်း စိတ်ဝင်တစားနဲ့ အဆုံးထိ ဆွဲခေါ်သွားမှာပါ။

The Glory ထဲက ငယ်ဘဝ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ရင်ကို ကိုင်လှုပ်ခဲ့တဲ့ Jung Ji So က အခုတစ်ခေါက်မှာလည်း ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကို ပြသဦးမှာပါ။ Tomorrow နဲ့ Doom at Your Service တို့မှာ ဆွဲဆောင်မှုရှိတဲ့ ပုံစံနဲ့ မြင်တွေ့ခဲ့ရတဲ့ Lee Soo Hyuk ကတော့ အေးစက်ရက်စက်တဲ့ စီစဉ်သူ ထယ်ဆူအဖြစ်နဲ့ သူ့ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်မှုကို ထပ်မံမြင်တွေ့ရမှာဖြစ်ပြီး၊ The Glory ထဲက Cha Joo Young ကတော့ ပြန်ပေးဆွဲခံရတဲ့ ဓားစာခံ ဆူဂျင်းအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Jin Sung Moon ရိုက်ကူးထားပြီး Space Sweepers နဲ့ Concrete Utopia တို့လို နာမည်ကြီးလက်ရာတွေမှာ ပါဝင်ခဲ့တဲ့ ကျွမ်းကျင်ပညာရှင်တွေက ဖန်တီးထားတာမို့ Production ပိုင်းကလည်း စိတ်ချရပါတယ်။

ဇာတ်လမ်းကတော့ ညီမဖြစ်သူက အစ်မဖြစ်သူ ဆူဂျင်းကို ငွေညှစ်ဖို့အတွက် ပြန်ပေးဆွဲရာကနေ စတင်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာ ထယ်ဆူရဲ့ သွေးအေးတဲ့ အစီအစဉ်တွေနဲ့ သူတို့ကြားက နက်ရှိုင်းတဲ့ မိသားစုလျှို့ဝှက်ချက်တွေ ရှိနေခဲ့ပါတယ်။ ငွေကြေး၊ သစ္စာဖောက်မှုနဲ့ မိသားစုလျှို့ဝှက်ချက်တွေကြားက အသည်းတုန်စရာ ကစားပွဲတစ်ခုကို စိတ်ဝင်စားဖွယ် ရှုစားရမှာပါ။

ကိုယ့်ရဲ့ သွေးသားရင်းချာကိုတောင် မယုံကြည်နိုင်လောက်အောင် ဖြစ်စေမဲ့ လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲ.. လူတစ်ယောက်ရဲ့ လောဘက ဘယ်အတိုင်းအတာအထိ သွားနိုင်မလဲဆိုတာကို ဒီ Sister ရုပ်ရှင်လေးထဲမှာ အတူတူ ရင်ခုန်စွာနဲ့ ခံစားကြည့်လိုက်ရအောင်နော်။

Genre ….. Crime, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 776.43MB / 1.61GB
Review ….. Bom
Translator ….. Bom
Encoder ….. N.A.S

Rainbow Channel

ads
Sister
Original title 시스터
IMDb Rating 3.9 11 votes

Director

Cast

ads

Similar titles

Drive
La patasola
Dirty Money
Lilim
Ten Hours
Rest in Peace
Desert Dawn
Smugglers
Cesium Fallout
Waktu Maghrib 2
Salikmata
Tee Yai: Born to Be Bad

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On