
Swords of Legends: Heart of the Sword (2026)
ကံကြမ္မာဆိုတာ ရှောင်လွှဲလို့မရတဲ့ တာဝန်တစ်ခုဖြစ်နေခဲ့မယ်ဆိုရင်
၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ မမ Yang mi ရဲ့ Swords of Legend ဆိုတဲ့ဇာတ်ကားလေးရဲ့ sequel အနေနဲ့ ရိုက်ကူးထားတဲ့ မူဘီကားသစ်လေးထွက်ရှိလာလို့ ခုပဲတင်ဆက်ပေးလိုက်ပါပြီ။
Swords of Legend 2 ဆိုပြီး စီးရီးတစ်ခု ထွက်ရှိထားပေမဲ့လည်း ဒီမူဘီလေးကတော့ ၂၀၁၄ စီးရီးအပြီး ပိုင်လီထူစူး ပျောက်ကွယ်သွားရာကနေ စတင်ထားတာပါ။
ပိုင်လီထူစူးတစ်ယောက် အိုယန်ရှောက်ကုန်းနဲ့ အသေအကြေတိုက်ခိုက်ပြီး ဝိညာဉ်ပျောက်ဆုံးသွားပြီးတဲ့နောက် လူ့ပြည်လည်းအေးချမ်းသွားသလို ထူစူးတစ်ယောက်လည်း သူရဲကောင်းအနေနဲ့ အမည်တွင်ခဲ့ပေမဲ့ ချစ်ရသူကို စတေးလိုက်ရတဲ့ ချင်ရွှယ်ကတော့ မအေးချမ်းနိုင်ပါဘူး။
အဲဒီလိုနဲ့ပဲ ဒုက္ခတွေအလီလီဖြတ်ကျော်ရင်း ချင်ရွှယ်တစ်ယောက် နွီဝါးမယ်တော်ဆီမှာ အသနားခံရင်းနဲ့ ပိုင်လီထူစူးကို နည်းလမ်းမျိုးစုံနဲ့ အသက်သွင်းဖို့လုပ်တာပေါ့။
နောက်ဆုံးမှာ ထူစူးတစ်ယောက် အသက်ပြန်ရှင်လာပေမဲ့ ချင်ရွှယ်ကိုမမှတ်မိသလို ချင်ရွှယ်ခမျာလည်း တစ်ချိန်ကဖြစ်ရပ်တွေ တစ်ကျော့ပြန်မှာစိုးတဲ့အတွက် အဝေးကနေ စောင့်ရှောက်ဖို့ပဲ တတ်နိုင်တာပေါ့။
တစ်ဖက်မှာလည်း ချင်ရွှယ်အောင်မြင်သွားတာကိုကြည့်ရင်းနဲ့ တစ်ဖက်က ဖုန်းလိုင်မင်းသမီး ရွှင့်ဖန်းကပါ သူ့ရဲ့ချစ်ရသူဖြစ်တဲ့ အိုးယန်ရှောက်ကုန်းကို ကွေ့ရွှီးထဲကနေ ကယ်ထုတ်ဖို့ မျှော်လင့်ချက်ရလာချိန်မှာတော့…
တစ်ချိန်က သူတို့ကြုံခဲ့ရတဲ့ ကံကြမ္မာအဖြစ်ဆိုးကြီး ပြန်အသက်ဝင်လာတဲ့အခါ…
Genre ….. Fantasy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 801.44MB / 1.42GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray
Rainbow Channel