Ads
ads
ads
Thalaivar Thambi Thalaimaiyil

Thalaivar Thambi Thalaimaiyil

Jan. 15, 2026India113 Min.NR
Your rating: 0
5 1 vote

Synopsis

T_h-a-l_a-i-v_a-r T-h_a-m-b_i T-h_a-l-a_i-m-a-i_y-i-l (2-0-2-6)

IMDB ⭐️ 7.5/10

“မင်္ဂလာဆောင်မဏ္ဍပ်နဲ့ အသုဘအိမ် ဘေးချင်းကပ်လျက်ဖြစ်နေတဲ့အခါ…”

“အူတက်အောင်ရယ်ရမယ့် Jiiva ရဲ့ Comeback”

Tamil Comedy ကားကောင်းကောင်း မျှော်နေသူတွေ၊ အထူးသဖြင့် Jiiva ရဲ့ သဘာဝကျကျ ဟာသတွေကို လွမ်းနေတဲ့ ပရိသတ်ကြီးအတွက် ဒီနှစ် Pongal မှာ Winner ဖြစ်ခဲ့တဲ့ ဇာတ်ကားကောင်းလေးကို လက်မနှေးတမ်း တင်ဆက်ပေးလိုက်ပါပြီ။

“Siva Manasula Sakthi” တို့ “Ko” တို့လို ကားတွေနဲ့ ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ မင်းသား Jiiva ကို ဒီကားမှာတော့ ရွာရဲ့သူကြီးအနေနဲ့ မြင်ရမှာပါ။

ဇာတ်လမ်းကတော့…
ဂျီဗာဟာ ရွာမှာ ပြဿနာမှန်သမျှ ခေါင်းခံဖြေရှင်းပေးတတ်တဲ့ လူငယ်ခေါင်းဆောင် ရွာသူကြီးပေါ့။ သူက အားလုံးနဲ့ အဆင်ပြေအောင်နေတတ်သူ။
ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အတွက် ခေါင်းကိုက်စရာ အကြီးစားပြဿနာတစ်ခု ပေါ်လာပါတော့တယ်။

အဲဒါကတော့ ရွာရဲ့ အထက်တန်းစားအိမ်ဖြစ်တဲ့ အီလာဗာရာဆူးရဲ့အိမ်မှာ မင်္ဂလာဆောင်ကျင်းပဖို့ ပြင်ဆင်နေချိန်… ကပ်လျက်အိမ်က အဘိုးကြီးက ကွယ်လွန်သွားပါလေရော။

“တစ်ဖက်အိမ်မှာ မင်္ဂလာစည်တော်တီးဖို့ ပြင်နေချိန်… ဘေးအိမ်မှာက နာရေးဆိုင်းဝိုင်းတီး ရထားတန်းလှည့်လည်ဖို့ ဖြစ်လာတဲ့အခါ”

မင်္ဂလာအိမ်ကလည်း မင်္ဂလာအချိန်မပျက်ချင်၊ အသုဘအိမ်ကလည်း သူတို့ဖခင်အတွက် နောက်ဆုံးခရီးကို ခြိမ့်ခြိမ့်သဲ လုပ်ချင်ကြ…။

ကြားထဲက ခေါင်းဆောင်လေး ဂျီဗာတစ်ယောက် ဒီဘက်ကို မျက်နှာချိုသွေးရမလား… ဟိုဘက်ကိုပဲ သွားနှစ်သိမ့်ရမလား… ဗျာများနေတဲ့ ဇီဗာတစ်ယောက် ဒီ “Wedding vs Funeral” စစ်ပွဲကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို situational comedy ပုံစံမျိုး ရိုက်ပြထားတာပါ။

Jiiva ရဲ့ အတည်ပေါက်နဲ့ နောက်သွားတဲ့ ပုံစံတွေ၊ ဝါရင့်လူကြမ်းလူရွှင်ကြီးတွေဖြစ်တဲ့ Thambi Ramaiah နဲ့ Ilavarasu တို့ရဲ့ အလွဲတွေကြောင့် တစ်ကားလုံး ပြုံးလိုက် ရယ်လိုက်နဲ့ ကြည့်ရမဲ့ Family Entertainer ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
ရွာဓလေ့၊ လူမှုရေးပြဿနာလေးတွေကို ဟာသနှောပြီး ပါးပါးလေး ပုတ်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေချင်သူတွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားသစ်လေးပါပဲ။

Genre ….. Comedy,Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.06GB / 2.01GB
Review ….. Venus
Translator ….. RMC Team
Encoder ….. N.A.S

Rainbow Channel

ads
Thalaivar Thambi Thalaimaiyil
Thalaivar Thambi Thalaimaiyil
Thalaivar Thambi Thalaimaiyil
Thalaivar Thambi Thalaimaiyil
Thalaivar Thambi Thalaimaiyil
Thalaivar Thambi Thalaimaiyil
Thalaivar Thambi Thalaimaiyil
Thalaivar Thambi Thalaimaiyil
Thalaivar Thambi Thalaimaiyil
Thalaivar Thambi Thalaimaiyil
Original title தலைவர் தம்பி தலைமையில்
IMDb Rating 7.6 1,393 votes
TMDb Rating 7.5 2 votes

ads

Similar titles

3BHK
Frankenstein
Sunny Sanskari Ki Tulsi Kumari
Mad of Madness
Tune in for Love
War for the Planet of the Apes
Shakthi Thirumagan
Six Days in August
RV
Wicked
Tell Me Softly
Tom and Jerry: Forbidden Compass

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On