Ads
ads
ads

Video Sources 568 Views

  • Watch trailer
  • 720p - တိုက်ရိုက်ကြည့်ရန် ဤနေရာကို နှိပ်ပါ
  • 1080p - တိုက်ရိုက်ကြည့်ရန် ဤနေရာကို နှိပ်ပါ
The Beauty Inside

The Beauty Inside

Love has many faces.Aug. 20, 2015KR127 Min.NR
Your rating: 0
5 1 vote

Synopsis

The Beauty Inside (2015)

ဒီတစ်ခါ RMC ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တာကတော့ Moving ထဲက မမလှလှ Han Hyo Joo နဲ့ မင်းသားချောတွေ အများကြီးပါဝင်ထားတဲ့ The Beauty Inside (2015) ဇာတ်ကားလေးပဲဖြစ်ပါတယ်။ IMDB 7.3/10 နဲ့ RT 70% ရရှိထားတာမို့ အဆင်လေးတွေငမ်းရင်း လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ မှတ်မှတ်ရရဇာတ်ဝင်ခန်းလေးတစ်ခုအနေနဲ့ ပရိဘောဂတွေအကြောင်း ရှင်းပြတဲ့အချိန် မြန်မာနိုင်ငံက သရက်ပင်အသားအကြောင်း ထည့်ပြောသွားတာကလည်း စာရေးဆရာမရဲ့ ဗဟုသုတကြွယ်မှုကို ပေါ်လွင်စေပါတယ်။

ဒီဇာတ်ကားက 2012 ခုနှစ်ထွက် American social film “The Beauty Inside” ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး 2018 ခုနှစ်မှာလည်း နာမည်တူ ကိုရီးယားစီးရီး ထွက်ရှိခဲ့တာပါ။ Movie ကို series ပြန်ရိုက်တဲ့အခြေအနေတစ်ခုအထိ အောင်မြင် လူကြိုက်များခဲ့တာမို့ old but gold ကားလေးတစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

ဝူဂျင်းက အပြင်ပန်းကြည့်ရင်တော့ သာမန်လူသားလေးတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူ့မှာ တခြားသူတွေကို ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေခဲ့ပါတယ်။ အဲဒါကတော့ သူ မနက်နိုးလာတိုင်း သူ့ရဲ့အသွင်အပြင်က တခြားသူတစ်ယောက်အဖြစ်ကို လုံးဝ ပြောင်းလဲသွားတာပါပဲ။ ကျိန်စာလား ကံကောင်းခြင်းလား မသိနိုင်အောင်ဘဲ တစ်ရက်ပြီးတစ်ရက် ပြောင်းလဲသွားခဲ့တဲ့ သူ့ရဲ့ ပုံစံကြောင့် ဘယ်သူနဲ့မှလည်း အတည်တကျမတွဲနိုင်ဘဲ အထီးကျန်တဲ့ဘဝကို နေ့တိုင်းဖြတ်သန်းခဲ့ရတာပေါ့လေ။

ဒီလိုနဲ့ တစ်နေ့မှာတော့ ဟုန်းအီဆူးဆိုတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့အထီးကျန်နေတဲ့ဘဝထဲကို ဝင်ရောက်လာခဲ့ပါတော့တယ်။ ပရိဘောဂတွေကို အနုပညာလက်ရာတစ်ခုလို ဒီဇိုင်းရေးဆွဲတတ်တဲ့ ဝူဂျင်းနဲ့ ပရိဘောဂဆိုင်ရဲ့ ဝန်ထမ်းဖြစ်ပေမဲ့ ဝယ်သူကို စိတ်ပါလက်ပါနဲ့ စေတနာထားပြီး ပရိဘောဂအကြောင်းတွေ ရှင်းပြတတ်တဲ့ အီဆူးတို့ ရင်ဘတ်ချင်းနီးလို့ သံယောဇဉ်တွေ တွယ်ငြိခဲ့ကြပါတော့တယ်။

ဝူဂျင်းကို သာမန်လူတစ်ယောက်လိုပဲ သိထားတဲ့ အီဆူးတစ်ယောက် ဝူဂျင်းရဲ့ လျှို့ဝှက်ဆန်းကြယ်ခြင်းတွေ ပြည့်နှက်နေတဲ့ ဘဝအကြောင်းကို သိလိုက်ရချိန်မှာ ဝူဂျင်းကို သဘောတူကြည်ဖြူစွာ လက်ခံနိုင်ပါ့မလား၊ ဝူဂျင်းရဲ့ အသွင်အပြင်ပြောင်းလဲခြင်းတွေကရော ဘယ်ကစဖြစ်ပေါ်လာပြီး ဘယ်အချိန်မှာ ပုံမှန်ပြန်ဖြစ်သွားမှာလဲ၊ သူတို့နှစ်ယောက်ရဲ့ အချစ်ကရော အဆုံးထိ ခိုင်မာ တည်တံ့နိုင်ပါ့မလားဆိုတာကိုတော့ အဆင်တစ်သိုက်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုခံစားလိုက်ကြပါဦး။

Review and Translated By Thu Thu
Encoded By N.A.S

ads
The Beauty Inside
The Beauty Inside
The Beauty Inside
The Beauty Inside
The Beauty Inside
The Beauty Inside
The Beauty Inside
The Beauty Inside
Original title 뷰티 인사이드
IMDb Rating 7.3 8,772 votes
TMDb Rating 7.664 274 votes

Director

Cast

Kim Dae-myung isWoo-jin 1
Woo-jin 1
Do Ji-han isWoo-jin 18
Woo-jin 18
Bae Sung-woo isWoo-jin 33
Woo-jin 33
Park Shin-hye isWoo-jin 43
Woo-jin 43
Lee Beom-soo isWoo-jin 45
Woo-jin 45
Park Seo-jun isWoo-jin 60
Woo-jin 60
Kim Sang-ho isWoo-jin 61
Woo-jin 61
Chun Woo-hee isWoo-jin 64
Woo-jin 64
Juri Ueno isWoo-jin 74
Woo-jin 74

ads

Similar titles

Kis Kisko Pyaar Karoon 2
In Your Dreams
Dinner to Die For
Radhe Shyam
Lost in Paradise
Troll 2
Monster Island
Dracula: A Love Tale
Emmanuelle
Siddharth Roy
Lovely
Sore: Wife from the Future

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On