
The Mortuary Assistant (2026)
ရင်ခွဲရုံမှနတ်ဆိုးများ
IMDB ⭐️4.1/10
ဒီဇာတ်လမ်းလေးကတော့ အတိတ်က မူးယစ်ဆေးသုံးစွဲခဲ့တဲ့ ဘဝဆိုးကနေ ရုန်းထွက်ပြီး ဆေးပြတ်သွားတာ တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ ရေဘက္ကာ ဆိုတဲ့ မိန်းကလေးအကြောင်းပါ။ သူဟာ ရေးဗားဖီးစ် အသုဘဝန်ဆောင်မှုလုပ်ငန်းမှာ အလောင်းတွေကို ပြင်ဆင်၊ ဆေးထိုးစီမံရတဲ့ အလုပ်သင်တစ်ယောက် ဖြစ်ပါတယ်။
တစ်ရက်မှာတော့ရေဘက္ကာတစ်ယောက် မုန်တိုင်းကျနေတဲ့ညကြီးမှာ ရုံထဲမှာ တစ်ယောက်တည်း အလောင်းတွေကိုပြင်ဆင်နေရင်းနဲ့ မထင်မှတ်ထားတဲ့ ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ စတင်ကြုံတွေ့လာရပါတယ်။ အလောင်းတွေဆီကနေ ထူးဆန်းတာတွေ ဖြစ်လာသလို၊ သူ့ရဲ့ အတိတ်က နာကျင်စရာစိတ်ဒဏ်ရာတွေ၊ အပြစ်ကြွေးတွေကိုပါ ထင်ယောင်ထင်မှားပြန်မြင်လာရပါတယ်။
ကြောက်လန့်တကြားနဲ့ အိမ်ကို ပြန်ပြေးလာတဲ့ ရေဘက္ကာကို ရေမွန်က ဖုန်းဆက်ပြီး ချောက်ချားဖွယ် အမှန်တရားတစ်ခုကို ပြောပြလိုက်တဲ့အခါမှာတော့…
Genre ….. Horror, Mystery
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 787.52MB / 1.61GB
Review ….. LL
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel