
This Is Not A Test (2026)
IMDb ⭐️ 5/10
ကျောင်းသားများနဲ့ ဇွန်ဘီကပ်ဆိုး
လူငယ်လေးတွေ ကိုယ်ထူကိုယ်ထနဲ့ ပြဿနာဖြေရှင်းကြတဲ့ဇာတ်ကားမျိုးကို ကြိုက်နှစ်သက်ကြတဲ့သူတွေ သဘောကျကြမယ့်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ
ဒီဇာတ်ကားထဲမှာတော့ ဇွန်ဘီကပ်ဆိုးကြီး နယ်မြို့လေးတစ်ခုဆီမှာ ကူးစက်လာတဲ့အချိန်
သူတို့တက်နေတဲ့ အထက်တန်းကျောင်းထဲမှာ ခိုလှုံရင်း အသက်ရှင်ဖို့ ကြိုးစားကြတဲ့ လူငယ်တစ်စုအကြောင်း ရိုက်ကူးပြသထားတာဖြစ်ပါတယ်
အဓိကဇာတ်ဆောင် ဆလွန်းဆိုတဲ့ကောင်မလေးကတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ စိတ်ဓာတ်ကျရောဂါဒဏ်ကို ခံစားနေရသူဖြစ်ပြီး
အပြင်လောကက ဇွန်ဘီတွေထက် သူမအတွင်းစိတ်က ခံစားချက်တွေက ပိုပြီး တိုက်ပွဲဝင်နေရတဲ့ အခြေအနေကို ပုံဖော်ထားပါတယ်
သူငယ်ချင်းတွေနဲ့အတူ ကျောင်းထဲမှာ ပုန်းနေစဉ်မှာပဲ ဆရာတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး အဲဒီဆရာမှာလည်း သေလောက်အောင် ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့ပါသေးတယ်
ကဲ ဒီတော့ ကျောင်းသားတွေ ဒီလိုကပ်ဆိုးကြီးထဲမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရှင်သန်နေထိုင်သွားကြမလဲ
ဘယ်လိုပြဿနာတွေကို ဖြေရှင်းသွားကြမလဲ ခံစားကြည့်ရှုလိုက်ကြပါဦးခင်ဗျာ…
Genre ….. Horror, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 815.44MB / 1.33GB
Review ….. Justin
Translator ….. Justin
Encoder ….. Ray
Rainbow Channel