
House of David (2025)
မိုးဇက်က နိုင်းမြစ်ကိုနှစ်ခြမ်းခွဲပြီး အစ္စရေးပြည်သူတွေကို အီဂျစ်ပြည်ကကယ်ထုတ်ခဲ့ပြီး နှစ် ၅၀၀ အကြာမှာတော့ အစ္စရေးပြည်သူတွေဟာ ဟိုတစ်စုဒီတစ်ခုပြန့်ကျဲပြီး ခေါင်းဆောင်မဲ့နေခဲ့ပါတယ်။ စည်းလုံးမှုပျက်ပြားနေတဲ့ အစ္စရေးပြည်သူတွေကို အနီးအနားတိုင်းပြည်တွေက ညှဉ်းပန်းနှိပ်စက်လာကြတဲ့အတွက် ပြည်သူတွေဟာ ဘုရင်တစ်ပါးတင်မြှောက်ပေးဖို့ ဘုရားသခင်ထံမှာဆုတောင်းလာကြပါတယ်။
အဲဒါကြောင့် နောက်ဆုံးတမန်တော်ဆမ်မြူရယ်ဟာ ဘန်ဂျမင်မျိုးနွယ်စုက ရိုကျိုးနှိမ့်ချတတ်တဲ့ လူငယ်လေးတစ်ယောက်ကို ဘုရင်အဖြစ်ဘိသိက်သွန်ပေးခဲ့ပါတယ်။ အဲဒီလူငယ်လေးဟာနောင်တစ်ချိန်မှာ အစ္စရေးရဲ့ပထမဆုံးဘုရင် ရှောလုမင်းကြီး (ဧကရာဇ်ဆောလ်)ရယ်လို့ ဖြစ်လာခဲ့တာပေါ့။ တိုက်ပွဲအဆက်ဆက်အောင်နိုင်ပြီး အာဏာကိုယစ်မူးလာခဲ့တဲ့ဆောလ်ဟာ အဖဘုရားသခင်ကိုမျက်ကွယ်ပြုကာ စည်းစိမ်ကိုမက်မောလာခဲ့ပါတော့တယ်။
ဒါကြောင့် အဖဘုရားသခင်ကိုယ်စား ဆမ်မြူရယ်က ဆောလ်ကိုပြစ်ဒဏ်ခတ်ပြီး ဘုရင်သစ်တစ်ပါးတင်မြှောက်ဖို့ ရှာပုံတော်ခရီးထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သမ္မာကျမ်းစာထဲက လူ့ဘီလူးကြီးဂေါလျက်ကိုအနိုင်ယူနိုင်ခဲ့တဲ့ သိုးထိန်းလူငယ်လေးဒေးဗစ်ရဲ့ဘဝခရီးလမ်းဟာ ဒဏ္ဍာရီတစ်ပုဒ်လို စတင်လာပါတော့တယ်။
Genre ….. Historical Drama
Episode ….. 8
Network ….. Amazon
Quality ….. 720P / 1080P 5.1 (HEVC)
Review ….. နံနံပင်
Translator ….. နံနံပင်
Encoder ….. N.A.S
Rainbow Channel
| Episode | Quality | Download |
|---|---|---|
| 01 | 720P | Yoteshin Gdtot Telegram Terabox |
| 01 | 1080P | Yoteshin Gdtot Telegram Terabox |
| 02 | 720P | Yoteshin Gdtot Telegram Terabox |
| 02 | 1080P | Yoteshin Gdtot Telegram Terabox |
| 03 | 720P | Yoteshin Gdtot Telegram Terabox |
| 03 | 1080P | Yoteshin Gdtot Telegram Terabox |
| 04 | 720P | Yoteshin Gdtot Telegram Terabox |
| 04 | 1080P | Yoteshin Gdtot Telegram Terabox |
| 05 | 720P | Yoteshin Gdtot Telegram Terabox |
| 05 | 1080P | Yoteshin Gdtot Telegram Terabox |
| 06 | 720P | Yoteshin Gdtot Telegram Terabox |
| 06 | 1080P | Yoteshin Gdtot Telegram Terabox |
| 07 | 720P | Yoteshin RMC Server Telegram Terabox |
| 07 | 1080P | Yoteshin RMC Server Telegram Terabox |
| 08 | 720P | Yoteshin RMC Server Telegram Terabox |
| 08 | 1080P | Yoteshin RMC Server Telegram Terabox |
=============== The End ===============
Season 2 မှာတော့ giant Goliath အနိုင်ရခဲ့တဲ့ သိုးထိန်းလေး David ရဲ့ အကြောင်းကို အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ရိုးသား နှိမ့်ချတတ်တဲ့ သိုးထိန်း ဒေးဗစ်က ရဲရင့်တဲ့ စစ်သည်တော်တစ်ယောက်အပြင် တိုင်းပြည် အုပ်ချုပ်သူ ဘယ်လို ဖြစ်လာမှာလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ်။
အစ္စရေးမှာ ပြည်တွင်းပြည်ပ ရန်သူတွေ တစ်ပြိုင်တည်း ဝင်ရောက်လာချိန်မှာတော့ David က King Saul ဘက်ကနေ ဝင်ပြီး Goliath ကို သတ်ခဲ့ရာကနေ ဘွဲထူးချီးမြှင့်ခံခဲ့ရပါတော့တယ်။ David က Goliath ကို အနိုင်ရပြီးတဲ့နောက်မှာ အစ္စရေးရဲ့ တိုင်းရေးပြည်ရာက ဖရိုဖရဲဖြစ်နေချိန်ဖြစ်ပြီး King Saul ကိုယ်တိုင် တိုင်းပြည်အုပ်ချုပ်နေဆဲပါပဲ။ ဒါပေမဲ့ သူက အာဏာမှာ ယစ်မူးပြီး ခေါင်းဆောင်နိုင်စွမ်း ကျဆင်းကာ တိုင်းတစ်ပါးရဲ့ ကျူးကျော်မှုတွေကိုလည်း ပြည်သူတွေက ခံစားရအောင် လုပ်ခဲ့ပါတယ်။ David ကတော့ King Saul’s house မှာ နေရပြီး တော်ဝင်ညီလာခံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါတော့တယ်။ နန်းတွင်းရေးရာ မိသားစုပြဿနာပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းရင်းနဲ့ အင်အားအကြီးဆုံး ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို သင်ယူနေခဲ့ပါတယ်။
ဒီကြားထဲမှာတော့ David တစ်ယောက်လည်း ဝေခွဲမရဖြစ်နေပါတယ်။ သူ့ကို အရင်ဆုံး ကူညီပေးခဲ့တဲ့ King Saul အပေါ်ကိုပဲ သစ္စာရှိရှိ တာဝန်ထမ်းဆောင်ရမလား။ မဟုတ်ရင် တစ်နေ့မှာ အစ္စရေးကို ဦးဆောင်ဖို ဘုရားသခင်ရဲ့ နိမိတ်တော်ကိုပဲ လိုက်နာရမလားဆိုတာ ဒွိဟဖြစ်နေခဲ့ပါတယ်။ နောက်ဆုံး သူရဲ့ အခက်ခဲဆုံး ဆုံးဖြတ်ချက်ကို ဘယ်လိုမျိုး ရွေးချယ်ပြီး သူ့ကံကြမ္မာအတွက် တကယ်ပဲ သတ္တိရှိရှိ တိုက်ခိုက်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီလိုနဲ့ David တစ်ယောက် King Saul’s house မှာ နေရင်း King Saul ရဲ့ သားတော် Jonathan နဲ့ ညီအစ်ကိုတွေလို ဖြစ်လာခဲ့ပါတယ်။ David အတွက် King Saul’s house က လူတွေနဲ့ ရင်းနှီးမှုကတော့ သူ ဘုရင်ဖြစ်လာမဲ့ ခရီးစဥ်အတွက် အရေးကြီးဆုံးဖြစ်ပြီး နောက်ဆုံးမှာ သူ တကယ် ဘယ်လိုဆုံးဖြတ်ချက်မျိုး ရွေးချယ်သွားမှာလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Genre ….. Historical Drama, Action
Episode ….. 8
Network ….. Amazon
Quality ….. 720P / 1080P WEB-DL (HEVC)
Review ….. Verona
Translator ….. Verona, Light, Justin
Encoder ….. N.A.S
Rainbow Channel
=============== The End ===============