
အခုတစ်ခါ တင်ဆက်ပေးမှာကတော့ အများကစိတ်ဝင်စားနေကြတဲ့ Zhuo Ye နဲ့ Cheng Lei တို့ရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့
ဟယ်မိသားစုရဲ့ သမီးကြီးဟယ်ရန့်ဟာ သူ့မိသားစုရဲ့နေရာကိုကာကွယ်ဖို့အတွက် မျက်နှာဖုံးတပ်ပြီး ချူချာလှတဲ့ ဟယ်မိသားစုရဲ့ အကြီးဆုံးသားဟယ်ရူဖေးနေရာကို အစားထိုးဝင်ရောက်ခဲ့ပါတယ် ဟယ်ရန်ဟာ အသက် ၁၅ နှစ်မှာတင် စစ်တပ်ထဲကိုဝင်ခဲ့ပြီး တိုက်ပွဲပေါင်းများစွာကိုအောင်မြင်ခဲ့တာကြောင့် ရှင်ဘုရင်ကတောင် ဖေးဟုန်စစ်သူကြီးအဖြစ်ဘွဲ့ချီးမြှင့်ခဲ့ပါသေးတယ်
ဒါပေမဲ့ ဟယ်မိသားစုကတော့ သူ့ကို ခြေနင်းကျောက်တုံးသာသာဆက်ဆံခဲ့ပါတယ်
ဒါပေမဲ့လည်း အစားထိုးဆိုတဲ့အတိုင်း ဟယ်ရူဖေးကျန်းမာရေးပြန်ကောင်းလာတဲ့အခါမှာ ဟယ်ရူဖေးနဲ့ ပြန်ပြောင်းလိုက်ပါတော့တယ် ဟယ်မိသားစုဟာ သူတို့ရဲ့လျှို့ဝှက်ချက်ကြီးပေါ်သွားမှာစိုးတာကြောင့် ဟယ်ရန့်ကို အဆိပ်ခတ်ပြီး သတ်ပစ်လိုက်ပါတယ်
ဟယ်ရန့်ဟာ တစ်ဘဝလုံး သူများအစားထိုးအနေနဲ့ ရှင်သန်ခဲ့ပြီး ပြန်လည်မွေးဖွားဖို့ ဒုတိယအကြိမ် အခွင့်အရေးရလာခဲ့ပါတယ်
မြို့စောင့်တစ်ဦးရဲ့ သမီးအနေနဲ့ ပြန်ဝင်စားလာတဲ့ဟယ်ရန့်ဟာ မူလခန္ဓာကို ပြုပြင်ပြီး စစ်တပ်ထဲကိုပြန်လည်ဝင်လာခဲ့တဲ့အခါ ယခင်ဘဝက သူပိုင်ဆိုင်သင့်တဲ့အရာတွေကို ဘယ်လိုပြန်ယူမလဲ တပ်ထဲမှာ တိုက်ပွဲတိုင်းနိုင်တဲ့ ဖန်းယွင်ဘွဲ့ရ စစ်သူကြီး ရှောင်းကျွယ်ရဲ့လက်အောက်ကို ယောက်ျားလေးအဖြစ် ဟန်ဆောင်ပြီး ရောက်လာခဲ့တဲ့ဟယ်ရန့်ကို မိန်းကလေးမှန်းသိသွားတဲ့အခါ နှစ်ဦးသားဘယ်လိုမျိုးရည်ငံသွားကြမလဲ ဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှု့ကြရမှာပဲဖြစ်ပါတယ်
Genre ….. Drama, Action, Adventure
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
Review ….. Flores
Translator ….. Venus, Flores, Bom, Htet SHweyi, Ban Ban, Verona
Encoder ….. N.A.S
Rainbow Channel