
Taxi Driver Season 3 (2025)
Finally! Finally! Finally! အားလုံးစောင့်မျှော်နေကြတဲ့ Taxi လီဗာနင်းရင်း အပီဗျင်းမဲ့ ကားဆရာကြီးကတော့ S3 နဲ့ ပြန်ပေါ်လာပါပြီ။
ဒီတစ်ခါမှာလည်း Lee Je Hoon က ကိုရီးယားတင်မက ဂျပန်အထိပါ သွားဗျင်းထားတဲ့အပြင် ရွေးနီမလေး Jang Na Ra ကပါ ဗီလိန်အဖြစ် ပါဝင်မှာမို စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာပါ။
အထူးတပ်ဖွဲဝင်ဟောင်းဖြစ်တဲ့ ဂင်ဒိုဂီက မိခင်ဖြစ်သူ လုပ်ကြံခံရတဲ့ ဝမ်းနည်းဖွယ် အဖြစ်ဆိုးနဲ့ ကြုံတွေ့ရပြီးနောက် ဇိမ်ခံတက္ကစီဝန်ဆောင်မှု အသွင်ယူထားတဲ့ Rainbow Taxi ရဲ့ ကိုယ်စားလှယ် ဂျန်ဆောင်းချွဲနဲ့ တွေ့ဆုံခဲ့ပါတယ်။ Rainbow Taxi ယာဉ်မောင်းတွေက တကယ်တော့ တရားမျှတမှုကို ရှောင်တိမ်းတဲ့ ရာဇဝတ်သားတွေကို အပြစ်ပေးရာမှာ အထူးပြုတဲ့ လျှိဝှက်အေးဂျင့်တွေပါ။
ဒါပေမဲ့ Rainbow Taxi ရဲ့ လုပ်ငန်းဆောင်တာတွေက ငွေတိုးချေးစားတဲ့သူတွေရဲ့ ကွန်ရက်အသိုင်းအဝိုင်းနဲ့ ထိတွေ့လာတဲ့အခါ အဖွဲဟာ အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်ရနိုင်တယ်လို ခံစားလာခဲ့ရပါတော့တယ်။ အဲဒီကွန်ရက်က နိုင်ငံတကာလူကုန်ကူးဂိုဏ်းတစ်ခုနဲ့ ဆက်စပ်နေတယ်ဆိုတာ သိခဲ့ရပြီးနောက် Rainbow Taxi အဖွဲသားတွေက ပြည်ပအထိပါ သူတိုရဲ့ သြဇာအာဏာကို ချဲ့ထွင်ပြီး ဂိုဏ်းရဲ့ မကောင်းဆိုးဝါး ကြိုးကိုင်သူတွေကို အနိုင်ယူနိုင်ပါ့မလားဆိုတာကိုတော့ အစဉ်အလာမပြတ် ရင်သပ်ရှုမောဖွယ် တင်ဆက်ပေးသွားမှာမို အပတ်စဉ် သောကြာ၊ စနေနေ့တိုင်း ၁၆ ပိုင်းတောင် ထွက်ရှိသွားမဲ့ ဒီဇာတ်ကားထဲ တစ်ဝကြီး ရှုစားလိုက်ကြပါဦးနော်။
Genre ….. Action, Adventure, Crime, Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 600MB / 1.1GB
Episode …..16
Network …… VIU
Review ….. BOM
Translator ….. RMC Team
Encoder ….. N.A.S
============ END =============
S 1, 2 ပြန်ကြည့်ချင်လို့ link လေး please
Season 1 and 2 please