
The K2 (2016)
ဒီတစ်ခေါက်မှာတော့ ဘျင်နဲ့ စားတော်ကဲချုပ်မမတို့ကားကို တစ်ပတ်တစ်ပတ် လည်ပင်းရှည်အောင် စောင့်နေကြတဲ့သူတွေအတွက် ဘျင်တို့ကားမလာခင် ကြားရက်ထဲ အလွမ်းပြေအောင် အိုပါး Ji Chang-wook နဲ့ မမ Yoon-ah တို့ရဲ့ Masterpiece တွေထဲက Masterpiece တစ်ကားဖြစ်တဲ့ old but gold စီးရီးလေးကို ကြည်တောက်ရှင်း ပြန်လည်ခံစားနိုင်ဖို့ RMC အမျိုးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဂင်ဂျယ်ဟာက တိုက်ခိုက်ရေးစွမ်းရည်ပြည့်ဝတဲ့ စစ်သည်ဟောင်းတစ်ဦးဖြစ်ပြီး သူ့ကို အများက K2 လို့လည်း ခေါ်ကြပါတယ်။ သူက သမ္မတကိုယ်စားလှယ်လောင်း ဝင်ပြိုင်မဲ့ ဂျန်ဆယ်ဂျွန်းရဲ့မိန်းမ ချွဲယူဂျင်းဆီမှာ သက်တော်စောင့်အဖြစ် အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ရာကနေ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေးအရှုပ်တော်ပုံထဲ ကြားညပ်သွားခဲ့ပြီး ဂျန်ဆယ်ဂျွန်းရဲ့ လျှို့ဝှက်သမီးဖြစ်သူ ဂိုအန်နာနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။
သူတို့ လေးယောက်ကြားက ပဋိပက္ခတွေ၊ အားပြိုင်မှုတွေနဲ့အတူ သမ္မတရွေးကောက်ပွဲတစ်လျှောက် မာယာများလှတဲ့ နိုင်ငံရေးသမားတွေရဲ့ အကွက်ဆန်းမျိုးစုံက တစ်ပိုင်းပြီး တစ်ပိုင်း ထိုင်ရာမထချင်အောင် ဆွဲခေါ်သွားမှာမို့ နှစ်ထပ်ရှိမှ မှတ်မိသွားရလေအောင် ကြည့်ပြီးတဲ့ အမျိုးတွေလည်း ထပ်ကြည့်၊ မကြည့်ရသေးတဲ့ အမျိုးတွေလည်း ထမင်းလွတ် ဟင်းလွတ် ရင်တဖိုဖိုနဲ့ ထိုင်ရာမထ ကြည့်ရှုလိုက်ကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်။ အနှစ်မှအနှစ်ဆိုတဲ့ ကားတွေထွက်ခဲ့တဲ့ 2016 တုန်းကထွက်ခဲ့တာဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင် သရုပ်ဆောင်ကောင်းကောင်းတွေနဲ့မို့ မကောင်းမှာတော့ လုံးဝ (လုံးဝ)ကို ပူစရာမလိုပါဘူးလို့ ယုံကြည်ချက်ရှိရှိနဲ့ အာမခံအပြည့်ပေးလိုက်ပါတယ်နော်။
Genre ….. Action & Adventure, Drama, Crime
Episode ….. 16
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
File Size ….. 600MB / 1.8GB
Review ….. BOM
Translator ….. Bom, Thu Thu, CL, Choco
Encoder ….. SNNT
Rainbow Channel
=============== The End ===============