
City Hunter (2024)
ဒီနေ့မှထွက်ထားတဲ့ အသစ်စက်စက်ဂျပန်အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဂျပန်အက်ရှင်ကားတွေထုံးစံ ယာကူဇာဂိုဏ်းတွေနဲ့ ရဲတွေကြားက ပဋိပက္ခတွေနဲ့ ဥပဒေပြင်ပကစွန့်စားခန်းတွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။
ရှင်းဂျုခုမှာ ရဲတွေအဖြေမရှာနိုင်တဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်ပွားနေပြီး လူတွေဟာရုတ်တရက်ရူးသွပ်သွားကြပြီး သူတို့ရဲ့ခွန်အားကတော့ ပိုပြီးသန်မာလာကာ ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူတွေကိုပြုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေကုန်ကြပါတယ်။ အဲဒီအတွက်ကြောင့် ရဲတွေလည်းခေါင်းစားနေခဲ့ပါတယ်။
ဆာအဲဘကုမ္ပဏီကတော့ အကျိုးဆောင်ကုမ္ပဏီတစ်ခုလို့ပြောလို့ရပြီး လူပျောက်ရှာတာ၊ လူကယ်တာ စတဲ့အန္တရာယ်များတဲ့အလုပ်တွေကို အခကြေးငွေယူပြီး လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။ ဒီလိုနဲ့တစ်ရက်မှာ ပျောက်ဆုံးသွားတဲ့မိန်းကလေးတစ်ယောက်ကို ပြန်လိုက်ရှာပေးဖို့အလုပ်လက်ခံလိုက်တဲ့နောက်မှာတော့ ဆာအဲဘရဲ့ပိုင်ရှင် ရိုနဲ့သူ့ရဲ့ပါတနာ မာကီမူရာတို့အတွက် ရှုပ်ထွေးတဲ့အမှုတွေကြား ဓားခုတ်ရာလက်ဝင်လျှိုဖို့ ဖြစ်လာခဲ့ပါတော့တယ်။
Review By K
Translated By K & YOON
Encoded By N.A.S
181 total views , 1 views today