Dune (2021)
ဒီတစ်ခါမှာတော့ သိပ္ပံခေတ်လွန်စိတ်ကူးယဉ်(Sci-fi)ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
သက္ကရာဇ်နှစ်ပေါင်း 10000ကျော်ပြီးတဲ့အနာဂတ်ကာလမှာ အာကာသထဲကဂြိုဟ်တွေပေါ်မှာနေထိုင်ကြတဲ့မျိုးနွယ်စုတွေထဲမှာ စပိုက်စ်လို့ခေါ်တဲ့အဖိုးတန်သယံဇာတတွေထွက်ရှိရာ အာရာကစ်ဂြိုဟ်ပေါ်က ဖရာမန်မျိုးနွယ်စုတွေနဲ့သူတို့ဂြိုဟ်ပေါ်ကအလွန်ကြီးမားတဲ့ကန္တာရပိုးကောင်ကြီးတွေ၊ သူတို့ကိုသိမ်းပိုက်ထားပြီး စပိုက်စ်တွေထုတ်ယူရင်းအလွန်အမင်းချမ်းသာကြွယ်ဝနေကြတဲ့ ဟာကိုနန်မျိုးနွယ်စု၊ မိခင်ဖြစ်သူဆီကစွမ်းအားတွေကိုအမွေရထားတဲ့ အာထရိတ်ဒီးစ်မျိုးနွယ်စုရဲ့ ဆက်ခံသူလောင်းလျာပေါလ်၊ စကြာဝဠာဧကရာဇ်ရဲ့အမိန့်အရ အာထရိတ်ဒီးစ်တွေကို အာရာကစ်ကိုစီမံခန့်ခွဲဖို့တာဝန်ပေးအပ်ခံရချိန်မှာတော့ ဟာကိုနန်တွေကမကျေနပ်နိုင်ကြတော့ပါဘူး။ တစ်ချိန်တည်းမှာ ဖိနှိပ်ခံဖရာမန်လူမျိုးစုတွေကိုကယ်တင်ပေးနိုင်သူပေါ်လာမယ်ဆိုတဲ့ဟောကိန်းတွေကြောင့်စောင့်မျှော်နေခဲ့ကြတဲ့အတိုင်း ပေါလ်တို့သားအမိဟာ အာရာကစ်ဂြိုဟ်နဲ့ ဖရာမန်မျိုးနွယ်စုရဲ့ကယ်တင်ရှင်ဖြစ်လာနိုင်မလားဆိုတာတွေကို စိတ်ဝင်စားဖွယ်ရှုစားကြရမှာပဲဖြစ်ပါတယ်။
Review By Snowflake
Translated By Rainbow Channel Team
Encoded By N.A.S