
Kill (2024)
အခုတလော လူတောင်းဆိုမှုများနေတဲ့ ကုလားအက်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating အနေနဲ့လည်း 7.8 အထိ ရရှိထားတာမို့ လူအများစောင့်မျှော်နေတဲ့ ကားကောင်းတစ်ကားဖြစ်မှာ အသေအချာပါပဲ။
အထူးတပ်ဖွဲ့ဝင်စစ်သားတစ်ဦးရဲ့ ချစ်သူမိန်းကလေးဟာ အိမ်ကပေးစားလို့ တခြားသူနဲ့ စေ့စပ်လိုက်ရပါတယ်။ စေ့စပ်ပွဲကို အမီလာခိုးပေမဲ့ အကြောင်းကြောင်းကြောင့် မလိုက်နိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ နှစ်ယောက်သား ဒေလီမှာ တွေ့ကြဖို့ ချိန်းဆိုထားကြရင်း ရထားပေါ်မှာ အမှတ်မထင် ပြန်တွေ့ကြပါတယ်။ ဒီအချိန်မှာပဲ အဲဒီရထားကို ဓားပြအဖွဲ့ကြီးတစ်ဖွဲ့က မီးရထားကြီးတစ်ခုလုံး ပြန်ပေးဆွဲပြီး လူတွေဆီက ဓားပြတိုက်ကြပါတယ်။
အဲဒီဓားပြတွေက မင်းသမီးရဲ့အဖေကိုပါ အန္တရာယ်ပြုလာတဲ့အခါမှာ မင်းသားက သူ့ချစ်သူလေးနဲ့ မိသားစုကို ကယ်တင်ရင်း ဓားပြတွေနဲ့ တိုက်ခိုက်တာကို တဝကြီး ကြည့်ရှုရမဲ့ action ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
Review and Translated By K
Encoded By N.A.S
729 total views , 1 views today