Lamborghini: The Man Behind The Legend (2022)
IMDB 5.4/10
ဒီဇာတ်ကားလေးကတော့ biography ဇာတ်လမ်းလေးပဲဖြစ်ပါတယ် စွန့်ဦးတီထွင်စီးပွားရေးသမားရဲ့ဘဝဇာတ်ကြောင်းကိုသဘောကျနှစ်ခြိုက်တဲ့သူတွေ ပြိုင်ကားတွေအကြောင်းကိုစိတ်ဝင်စားတဲ့သူအဖို့တော့ ဒီဇာတ်ကားကကျေနပ်မှုအပြည့်ပေးစေမှာသေချာပါပဲ
ဇာတ်လမ်းလေးကတော့ လန်ဘိုဂီနီရဲ့ဖခင်ကြီး ဖရူချိုလန်ဘိုဂီနီရဲ့စစ်ပြီးကာလကစတင်ထားပါတယ် စစ်ကြီးအတွင်းမှာ ဖရူချိုတစ်ယောက်စက်ပြင်ပညာကိုသင်ယူခဲ့ရပြီး စစ်အပြီးအီတလီကိုပြန်ရောက်တဲ့အချိန်မှာ သူငယ်ချင်းမတ်တီယိုနဲ့စျေးနှုန်းသက်သာတဲ့လယ်ထွန်စက်တွေရောင်းဖို့ကြိုးစားပါတော့တယ် မိသားစုမျိုးရိုးတွေကလယ်သမားဖြစ်ကြပေမယ့် ဖရူချိုတစ်ယောက်ကတော့ သာမာန်ဘဝလေးနဲ့မနေချင်ခဲ့ပါဘူး
သူ့အဖေကမင်းအခုလုပ်နေတာတွေအဆင်မပြေရင်ဘဝပျက်မှာနော်လို့ပြောတဲ့အခါ ဖရူချိုပြောခဲ့တဲ့စကားလေးက လူအများစုအတွက်နေထွက်နေဝင်ရင်းနဲ့သေသွားကြတာ တစ်ချို့ပဲကြီးကျယ်မှုကိုရှာတွေ့ခဲ့ကြတာဆိုပြီး ပြောခဲ့တယ် သူ့စကားအတိုင်းပါပဲ ခေါင်းမာတဲ့ဖရူချိုတစ်ယောက် ထွန်စက်တွေထုတ်ပြီးအောင်မြင်မှုရခဲ့တယ် သူတို့ခေတ်ကဖရာရီရဲ့ဟာကွက်တွေကိုတွေ့ခဲ့ပြီးလက်တွဲလုပ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် အန်ဇိုဖရာရီက လယ်ပဲထွန်စမ်းပါဆိုတဲ့သဘောမျိုးနဲ့ပြောခဲ့တာကြောင့် ဖရူချိုတစ်ယောက်မာနကိုရှေ့တန်းတင်ပြီး လန်ဘိုဂီနီဆိုတဲ့ပြိုင်ကားကို ဆီစျေးတွေမတရားထိုးတက်တဲ့အချိန်မှာတောင်မှထုတ်ခဲ့ပါတယ် ဒီလိုခေါင်းမာတဲ့လန်ဘိုဂီနီဆိုတဲ့လူကြီးရဲ့ အနိမ့်အမြင့်ဘဝကိုရှူစားလိုက်ပါဦး
Review and Translated By Kyaw Zin
Encoded By N.A.S