
Malena (2000)
လှပတဲ့အရာတွေကို လူတိုင်းနှစ်သက်ကြပေမဲ့ ဆူးမရှိတဲ့နှင်းဆီတစ်ပွင့်အတွက်တော့ သူပိုင်ဆိုင်ထားတဲ့အလှအပဟာ အန္တရာယ်ပါပဲ။ မယ်လီနာ့ဘဝဟာလည်း ဆူးမရှိတဲ့နှင်းဆီတစ်ပွင့်လိုပါပဲ။
စစ်မီးကတောက်လောက်နေချိန်မို့ အရာရာခက်ခဲနေချိန်မှာ အမျိုးသားဖြစ်သူကပါ ရှေ့တန်းထွက်သွားရတာမို့ ပူပူနွေးနွေးလက်ထပ်ပြီးခါစ မယ်လီနာဟာ သူစိမ်းရပ်ရွာမှာ တစ်ယောက်တည်းကျန်ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ လှပလွန်းတဲ့သူ့ရုပ်ရည်ကြောင့် မနာလိုတတ်တဲ့ လူသဘောသဘာဝအရ သွားပုပ်လေလွင့်စကားတွေ စပြီးရင်ဆိုင်ခဲ့ရတာပေါ့။
ကံဆိုးရှာတဲ့မယ်လီနာ့အတွက် အမျိုးသားဖြစ်သူကပါ ရှေ့တန်းမှာကျဆုံးသွားတဲ့အခါမှာတော့ ဒီစကားတွေကပိုဆိုးလာခဲ့ပြီး စစ်ရယ်၊ မယ်လီနာ့အလှရယ်၊ လူတွေရဲ့မနာလိုစိတ်ရယ်ဟာ မယ်လီနာ့ဘဝကို လှလှပပဖျက်ဆီးပါတော့တယ်။
ဇာတ်ဝင်ခန်းတော်တော်များများမှာ erotic ဖြစ်စေတဲ့ အကြောင်းအရာတွေပါဝင်တာမို့ (၁၈) နှစ်အောက်ကလေးငယ်တွေကိုတော့ ကြည့်ဖို့ recommend မပေးပါဘူးခင်ဗျာ။
Translated and Review By K
Encoded By N.A.S
196 total views , 1 views today