Midway (2019)
သမိုင်းဖြစ်ရပ်မှန်အမျိုးအစားကိုမှ စစ်ကားကြည့်ချင်သူတွေအတွက် Midway (2019) လေးနဲ့တင်ဆက်ပေးချင်ပါတယ်။ဒုတိယကမ္ဘာစစ်မစခင်တည်းက ဂျပန်နိုင်ငံရဲ့ စက်သုံးဆီ ၈၀ ရာခိုင်နှုန်းလောက်ကို အမေရိကန်နိုင်ငံကနေတင်သွင်းခဲ့တာပါ။ဒုတိယကမ္ဘာစစ်ကာလအတွင်း အမေရိကန်ကနေ ဂျပန်ကိုတင်ပို့နေတဲ့ စက်သုံးဆီကို ရပ်တန့်ဖို့ ဆုံးဖြတ်ချက်လိုက်တာကနေစပြီး ဂျပန်ဘက်က ဒုတိယကမ္ဘာစစ်ထဲခြေလှမ်းဖို့ ပြင်ဆင်နေတာနဲ့ ထပ်တူကျသွားပြီးတော့ ၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ တစ်ကမ္ဘာလုံးက မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုပေါ်ပေါက်လာပါတော့တယ်။ဂျပန်လေတပ်ကနေ အမေရိကန်ပြည်ထောင်စုပိုင် ဟာဝိုင်ယန် ကျွန်း ပါးဟာဗာ ခေါ် ပုလဲဆိပ်ကမ်းကို ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးတော့ စစ်ကြေညာခဲ့ပါတယ်။အမေရိကန်ရဲ့ အနောက်ကမ်းရိုးတန်းကိုသိမ်းပိုက်နိုင်ဖို့ ဂျပန်ဘက်ကနေ နောက်ထပ်စစ်ဆင်ရေးအဖြစ် Midway ကိုတိုက်ခိုက်ဖို့ လျှို့ဝှက်စီစဉ်ခဲ့ပါတယ်။အဲဒီအချိန် အမေရိကန်ဘက်ကလည်း နောက်ကျောကနေဓားထိုးခံလိုက်ရတဲ့ အဖြစ်မျိုးကြုံခဲ့ရလို့ ဂျပန်တပ်တွေကို ချေမှုန်းဖို့ အပြင်းအထန်ကြိုးစားရင်း ထောက်လှမ်းရေးတပ်ဖွဲ့ဘက်က ဂျပန်တွေရဲ့ လျှို့ဝှက်အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ပုလဲဆိပ်ကမ်းတိုက်ပွဲအပြီး ၆ လအကြာ ၁၉၄၂ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဂျပန်တပ်တွေဟာ Midway ကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။သုံးရက်ကြာ တိုက်ပွဲအတွင်း အမေရိကန်ရဲ့ ကြိုတင်သတင်းရထားမှုတွေကြောင့် ဂျပန်တို့ရဲ့အစီအစဉ်တစ်ခုလုံးကျရှုံးခဲ့ပြီးတော့ စစ်ပွဲရဲ့ချိန်ခွင်လျှာကိုပြောင်းလဲသွားစေခဲ့ပါတယ်။
IMDB 6.7 ရရှိထားပြီးတော့ ဒေါ်လာမီလီယံ ၁၀၀ အထိအကုန်အကျခံရိုက်ကူးထားတဲ့ စစ်ကားလေးက အချိန် ၂ နာရီကျော်ကြာ ပရိသတ်ကြီးကို ဒုတိယကမ္ဘာစစ်ထဲ ခေါ်ဆောင်သွားပေးမှာဖြစ်လို့ ကြည့်ရှုလိုက်ရအောင်ပါ။
Review and Translated By CL
Encoded By N.A.S