Montage (2013)
Quality: Bluray
IMDB 7.4 အထိရရှိထားတဲ့ အက်ရှင်မှုခင်းဇာတ်ကားအမျိုးအစားဖြစ်တဲ့ Montage လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းလေးက လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက သမီးဖြစ်သူပြန်ပေးဆွဲတာကိုခံလိုက်ရပြီး ပြန်ပေးသမားရဲ့ခိုင်းစေချက်အတိုင်းလုပ်ခဲ့ပေမယ့်လည်း သမီးကိုဆုံးရှုံးလိုက်ရတဲ့ မိခင် Ha-Kyung ဟာ တရားခံကိုရေဆုံးမြေဆုံးလိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့ အကြောင်းမလှစွာနဲ့ တရားခံကိုမဖော်ထုတ်နိုင်ခဲ့ဘဲ ၁၅နှစ်အကြာမှာတော့ သက်တမ်းကုန်ဆုံးသွားတဲ့အမှုအဖြစ် ပျောက်ကွယ်သွားပါတော့တယ်။
ဒီအမှုကိုတာဝန်ယူခဲ့တဲ့ စုံထောက် Chung-Ho လည်းအစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှမတက်နိုင်တဲ့အဆုံးမှာ အလုပ်ကနေထွက်ပြီး အရာအားလုံးကိုကျောခိုင်းခဲ့ပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့ ကလေးပြန်ပေးဆွဲခံရမှုတစ်ခုပေါ်ပေါက်လာပြီး လွန်ခဲ့တဲ့ ၁၅နှစ်ကအမှုအတိုင်း တစ်ပုံစံတည်းထပ်တူကျနေချိန်မှာတော့ စုံထောက် Chung-Ho တစ်ယောက် တရားခံကိုသေချာပေါက်ဖမ်းဖို့ စိတ်ပိုင်းဖြတ်ပြီး အသည်းအသန်ရှာဖွေပါတော့တယ်။တစ်ဖက်မှာလည်း ဥပဒေအကြောင်းအရရှေ့ဆက်ဖို့မဖြစ်နိုင်တော့တဲ့အတွက် ကိုယ့်အားကိုယ်ကိုးပြီး တရားခံကိုဖော်ထုတ်ဖို့ Ha-Kyung တစ်ယောက်တစ်ကိုယ်တော်လှုပ်ရှားခဲ့ပါတယ်။
ဒီလိုမျိုး ၁၅နှစ်ကြာတဲ့အထိ ထွက်ပြေးပုန်းရှောင်နိုင်ခဲ့တဲ့ပြန်ပေးသမားတစ်ယောက် ဒီတစ်ခေါက်မှာရော ထပ်မံလွတ်မြောက်သွားမလားဆိုတာကတော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာလည်းဖြစ်ပါတယ်။
Review and Translated By CL
Encoded By N.A.S
Options | Quality | Server | Size | Clicks |
---|---|---|---|---|
Download | HD 1080p | StreamWish | 2.04GB | 13 |
Download | HD 720p | StreamWish | 1.01GB | 18 |
Download | HD 1080p | Telegram | 2.04GB | 16 |
Download | HD 720p | Telegram | 1.01GB | 17 |
Download | HD 1080p | RMC Server | 2.04GB | 15 |
Download | HD 720p | RMC Server | 1.01GB | 19 |
Download | HD 1080p | GDToT | 2.04GB | 22 |
Download | HD 720p | GDToT | 1.01GB | 14 |
Download | HD 720p | Yoteshinportal | 2.04GB | 12 |
Download | HD 720p | Yoteshinportal | 1.01GB | 15 |