No More Bets (2023)
IMDB Rating :6.7/10
Language : Chinese
Genre : Crime , Drama
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ရုပ်ရှင်ဇာတ်လမ်းလေးကတော့ ဖြစ်ရပ်မှန်လိမ်လည်မှုပေါင်းထောင်နဲ့ချီကိုအခြေခံထားပြီး နိုင်ငံခြားဆိုက်ဘာလိမ်လည်မှုရဲ့ ဆိုးရွားတဲ့အတွင်းကျကျအကြောင်းအရာတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်
တရုတ်နိုင်ငံရဲ့ပရိုဂရမ်မာတစ်ဦးဖြစ်တဲ့ဖန်းရှန်းကတော့ သူလုပ်နေတဲ့ကုမ္ပဏီရဲ့အသိအမှတ်ပြုမှုကိုမရရှိဘဲ ကုမ္ပဏီရဲ့ ဘက်လိုက်ရာထူးတိုးပေးမှုကြောင့် ကုမ္ပဏီကထွက်ပြီး နိုင်ငံခြားကကမ်းလှမ်းလာတဲ့ ဂိမ်းကုမ္ပဏီတစ်ခုကိုသွားရောက်လုပ်ကိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ် တစ်ဖက်မှာတော့ နာမည်ကြီးမော်ဒယ်မလေးဖြစ်တဲ့ အန်းနဟာလည်း မှားယွင်းစွပ်စွဲခံရမှုကြောင့်နာမည်ပျက်ပြီး မော်ဒယ်အဖြစ်ကနေရပ်နားလိုက်ရာကနေ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ကမ်းလှမ်းခံခဲ့ရပါတယ်
နိုင်ငံခြားကကမ်းလှမ်းမှုကြောင့်နဲ့ နိုင်ငံခြားမှာအလုပ်သွားလုပ်ကိုင်ဖို့ထွက်လာကြတဲ့သူတို့နှစ်ဦးကတော့ ကြီးမားတဲ့လိမ်လည်မှုကိုခံလိုက်ရပြီး အကျဉ်းထောင်နဲ့တူတဲ့ကျားဖြန့်သမားတွေဆီမှာ ခြေချုပ်မိခဲ့ကြပါတယ် အရာရာကိုချုပ်ချယ်ထားပြီး အတင်းအဓမ္မစေခိုင်းမှုတွေနဲ့ ငရဲခန်းနဲ့တူတဲ့ အဲဒီနေရာကြီးမှာ သူတို့နှစ်ဦးတွေ့ဆုံမိပြီးတော့ အတူတူလွတ်မြောက်ဖို့ကြိုးစားခဲ့ကြရပါတယ် လွတ်မြောက်ဖို့ကြိုးစားရင်း မလုပ်ချင်တဲ့လိမ်လည်မှုတွေကိုလုပ်ကိုင်ရင်းကနေ သူတို့လိမ်လည်လိုက်တဲ့သူက သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ် သေဆုံးသွားသူရဲ့ချစ်သူကောင်မလေးက ရဲတွေကိုတိုင်ကြားရင်းကနေ ဒီအမှုရဲ့သဲလွန်စတွေတစ်စတစ်စရရှိပြီး စုံစမ်းစစ်ဆေးဖြစ်လာခဲ့ပါတယ်
ရဲတွေက စုံစမ်းစစ်ဆေးပြီး ဒီကြောက်ဖို့ကောင်းတဲ့အဖွဲ့အစည်းကိုတွန်းလှန်ဖော်ထုတ်နိုင်သွားမလား ဖန်းရှန်းနဲ့အန်းနတို့ကရော လွတ်မြောက်နိုင်ကြမလားဆိုတာကိုတော့ သဲထိတ်ရင်ဖိုဖွယ်ကြည့်ရှုနိုင်ပါပြီ
Review and Translated By Choco
Encoded By N.A.S
Options | Quality | Server | Size | Clicks |
---|---|---|---|---|
Download | HD 1080p | TeraBox | 2.28GB | 37 |
Download | HD 720p | TeraBox | 1.11GB | 40 |
Download | HD 1080p | StreamWish | 2.28GB | 65 |
Download | HD 720p | StreamWish | 1.1GB | 60 |
Download | HD 1080p | Telegram | 2.28GB | 67 |
Download | HD 720p | Telegram | 1.1GB | 51 |
Download | HD 1080p | GDToT | 2.28GB | 52 |
Download | HD 720p | GDToT | 1.1GB | 38 |
Download | HD 1080p | Yoteshinportal | 2.28GB | 63 |
Download | HD 720p | Yoteshinportal | 1.1GB | 51 |