
Spaceman (2024)
ဒီ ဒရာမာအသစ်လေးကတော့ Spaceman of Bohemia ဆိုတဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ 2024 ထွက် အမေရိကန် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲလေးပါ။ သိပ္ပံစိတ်ကူးယဉ်ဆိုပေမဲ့ ချစ်ခြင်းမေတ္တာအကြောင်း၊ ရည်မှန်းချက်တွေ၊ မိမိကိုယ်မိမိ ရှာဖွေတွေ့ရှိမှုစတဲ့အကြောင်းတွေပါပါတဲ့ ဇာတ်ကားလေးဆိုရင်လည်း မမှားပါဘူး။
ဇာတ်လမ်းအကျဉ်းလေးကတော့ Czech အာကာသယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ Jakub ဟာ တာဝန်တစ်ခုကြောင့် နေအဖွဲ့အစည်းရဲ့ အစွန်အဖျားနေရာတစ်ခုဆီ စေလွှတ်ခံခဲ့ရပါတယ်။ အဲဒီလိုကနေ အထီးကျန်မှုတွေ၊ ဇနီးသည်အပေါ် လွမ်းဆွတ်မှုတွေကြားမှာ အာကာသယာဉ်ရဲ့ အခန်းတစ်ခုအတွင်းကနေ စွမ်းရည်ရှိ ပင့်ကူလို အကောင်တစ်ကောင် ရှာတွေ့သွားတဲ့အခါ… လူနဲ့ သတ္တဝါတစ်ကောင်တို့ ဘယ်လိုတွေဆက်ပြီးအမှီသဟဲ ပြုသွားကြမလဲ၊ ချစ်ရတဲ့ဇနီးသည်နဲ့ရော ပြန်လည်ဆုံတွေ့နိုင်ပါ့မလား၊ ဘာတွေကြုံရပြီး ဘယ်လိုတွေ ဆက်ဖြစ်မလာမလဲ ဆိုတာတွေကို ဒီ Spaceman ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ…
Review By H
Translated By Rainbow Channel Team
Encoded By N.A.S
473 total views , 1 views today
So good movie