
မီရာဆိုလ် ဂျက်ဖ်နဲ့ ဖေးတို့က အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၃ယောက်ပါ ဂျက်ဖ်ကတော့ မီရာဆိုလ်ကို ချန်ပီယံလိဂ်ဖလားကိုမရဘဲ မျှော်နေရှာတဲ့ အာဆင်နယ်လို တိတ်တခိုးလေးချစ်နေတာပေါ့
မီရာဆိုလ်ကတော့ စည်းကမ်းတင်းကျပ်တဲ့ အဘွားဖြစ်သူနဲ့ အတူနေရပြီး ကျောင်းက အာရိစ်ဆိုတဲကောင်လေးကို သဘောကျနေတာပါ
အာရိစ်ကလည်း သူ့သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပြီး မီရာဆိုလ်ကို လိုက်ပါတယ် အလောင်းအစားအောင်မြင်ရုံနဲ့ သူ့သူငယ်ချင်းတွေကမကျေနပ်ဘဲ မီရာဆိုလ်ကိုပါ စားပါတော့တယ်
စားရုံတင်မကဘဲ ဒီနေ့ခေတ်မှာ ဖြစ်ပျက်နေတဲ့ Leak တွေပါဖြန့်လိုက်တာပါ ဒီလိုနဲ့ မီရာဆိုလ်ရဲ့ ဘဝလည်း ဆယ်ကျော်သက်တွေမှာ ဖြစ်လေ့ရှိတဲ့ အချစ်ဆိုတဲ့ထောင်ချောက်တဲ့ နစ်ဝင်ရင်းကနေ ဘဝပျက်သွားရတဲ့ ပန်းလေးတစ်ပွင့်ဖြစ်ခဲ့ရပါတယ် ဒီကားထဲမှာ အဓိကထားပေးချင်တဲ့ သင်ခန်းစာကတော့ Love is not lust ပါပဲ မင်းသမီးက သိပ်တော့မလှပေမဲ့ကောက်ကြောင်းက မိုက်ပြီး သရုပ်ဆောင်ချက်တွေထိမိနေတာမလို့ ကြည့်လိုက်ကြပါဦး
မီရာဆိုလ်အနေနဲ့ Queenie De Mesa
အာရိစ်အနေနဲ့ Ghion espinosa
ဂျက်ဖ်အနေဲ့ Ralph Christian Engle နဲ့ ဖေးအနေနဲ့ Sheena Cole တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်
Quality ….. 720P / 1080P (HEVC)
Review ….. Zeus
Translator ….. Zeus
Encoder ….. N.A.S
Rainbow Channel