Ads
ads

Video Sources 505 Views

  • Watch trailer
8 Vasantalu

8 Vasantalu

Jun. 20, 2025India138 Min.NR
Your rating: 0
7 1 vote

Synopsis

8 Vasantalu (2025)

Vasantalu ဆိုတာ တယ်လဂူဘာသာစကားဖြစ်ပြီးတော့ နွေဦးလို့အဓိပ္ပာယ်ရပါသတဲ့။

တစ်နှစ်တာပတ်လုံးရဲ့ အလွမ်းရဆုံး မျှော်လင့်မိဆုံး အလှပဆုံးရာသီတစ်ခုပေါ့။

ဒီဇာတ်ကားလေးထဲမှာတော့ ဆယ်ကျော်သက်ကောင်မလေး ရှူဒီအာယိုဒယာရဲ့ 8 နှစ်တာကာလ နွေဦးရာသီ 8 ခုအတွင်းမှာ ကြုံရဆုံရတဲ့ အတွေ့အကြုံလေးတွေကို နုနုရွရွ ပုံဖော်ထားတာဖြစ်ပါတယ်။

လူ့ဘဝတစ်လျှောက်မှာ ဖြတ်သန်းရတဲ့နွေဦးရာသီများစွာထဲကမှ ဒီနွေဦး 8 ခုက ဘာလို့ထူးထူးခြားခြား မေ့မရနိုင်တဲ့ အလွမ်းနွေဖြစ်နေတာလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကို ရှုစားကြည့်လိုက်ရအောင်ပါ။

ငယ်ငယ်ရွယ်ရွယ်တဲ့ ဖခင်ကိုဆုံးရှုံးထားရတဲ့ ရှူဒီဟာ ဆယ်ကျော်သက်ဆိုပေမဲ့ ဘဝလောကဓံကြောင့် ရင့်ကျက်တည်ငြိမ်နေတဲ့သူပေါ့။

စစ်သားသမီးပီပီ ကိုယ်ခံပညာကလည်းကျွမ်းကျင်ပြီးတော့ အနုပညာခံစားတတ်သူပီပီ စာဖတ်သူတွေအရမ်းကြိုက်တဲ့ နာမည်ကျော် တက်သစ်စစာရေးဆရာမလေးလည်းဖြစ်နေပြန်ပါသတဲ့။

ဘယ်လောက်ပဲတည်ငြိမ်နေသူဖြစ်ပါစေ၊ အချစ်နဲ့တွေ့ရင်တော့ ယိမ်းယိုင်တတ်ကြသလိုပဲ၊ ကန်ရေပြင်လို တည်ငြိမ်နေတဲ့ ရှူဒီရဲ့ဘဝထဲကို ဗာရွန်းဆိုတဲ့ ကျောက်ခဲလေးက ဂယက်ထသွားစေတဲ့အခါ…

ဒီဗာရွန်းဆိုတဲ့ မာနကြီးတဲ့ ကောင်ဇိုးလေးကနေ စလိုက်တဲ့ နွေဦးရာသီ 8 ခုဟာ ရှူဒီဆိုတဲ့ တည်ငြိမ်တဲ့မိန်းကလေးကို ရင့်ကျက်တဲ့အမျိုးသမီးလေးအဖြစ် ဘယ်လိုတွေပုံသွင်းပြောင်းလဲပေးလိုက်လဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှုစားကြပါဦးစို့။

Genre ….. Drama, Romance
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
Review ….. Venus
Translator ….. Venus, Ban Ban, LL
Encoder ….. N.A.S

Rainbow Channel

ads
8 Vasantalu
8 Vasantalu
8 Vasantalu
8 Vasantalu
8 Vasantalu
8 Vasantalu
8 Vasantalu
8 Vasantalu
8 Vasantalu
8 Vasantalu
Original title ఎనిమిది వసంతాలు
IMDb Rating 6.9 1,460 votes
TMDb Rating 7.8 5 votes

ads

Similar titles

Kadhal Reset Repeat
RRR
Trapped
System
Sugar
K.O.
City Hunter
Funky
Tere Ishk Mein
Rumah Teteh: Story of Helena
The Front Line
Hiram na Sandali

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On