Ads
ads
Idli Kadai

Idli Kadai

Oct. 01, 2025India147 Min.NR
Your rating: 0
6 1 vote

Synopsis

Idli Kadai (2025)

တောင်ပိုင်းမင်းသား Dhanush ရဲ့ မိသားစုဒရာမာ ဇာတ်ကားအသစ်လေး ထွက်ရှိလိုလာခဲ့ပါပြီ။

ဆီဗာနယ်ဆန်ဆိုသူဟာ ရွာငယ်လေးမှာ ဆန်မုန့်ရောင်းတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။ သူဟာ ဆိုင်လေးကို စီးပွားရေးအရလုပ်တာတင်မကဘဲ ဆန်မုန့်လုပ်ရတာကို သဘောကျပြီး စိတ်အားထက်သန်စွာနဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီလို စိတ်နှစ်ပြီးလုပ်လိုပဲ သူ့ဆိုင်လေးဟာ ရွာနီးစပ်မှာ နာမည်အရမ်းကြီးတဲ့ဆိုင်လေးဖြစ်ခဲ့ပါတယ်။

ဆီဗာနယ်ဆန်မှာ သားတစ်ယောက်ရှိပါတယ်။ သူကတော့ မူရူဂန်တဲ့၊ သူဟာ ငယ်စဉ်အရွယ်ကတည်းက ဖခင်ရဲ့ ဟင်းချက်တာတွေကြည့်ပြီး အသက်ကြီးတဲ့အခါမှာလည်း အချက်အပြုတ်ကောလိပ်ကို တက်ရောက်ခဲ့ပါတော့တယ်။ ကျောင်းပြီးသွားတဲ့အချိန်မှာ မူရူဂန်တစ်ယောက် သူတို စီးပွားရေးကို ချဲ့ထွင်ချင်ပေမဲ့လည်း ဖခင်ဖြစ်သူရဲ့ လုပ်ငန်းအပေါ်မှာ ချစ်တဲ့စိတ်ကြောင့် သူ့လက်ရာစစ်စစ်ကိုပဲ စားချင်တဲ့စိတ်ကြောင့် ဆိုင်ခွဲဖွင့်ဖိုပြောတဲ့ အကြံကို ငြင်းပယ်ခဲ့ပါတယ်။

ဖခင်ဖြစ်သူကို ဘယ်လိုမှ ဖျောင်းဖျလိုမရတဲ့အတွက် မူရူဂန်တစ်ယောက် မြိုပေါ်တက်ပြီး အခွင့်အလမ်းရှာဖို ဖခင်ဆီမှာ မရမကခွင့်တောင်းကာ ချန်နိုင်းမြိုကို ထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကြိုးစားလိုက်တာ ချန်နိုင်းကနေ ဘန်ကောက်မြိုက နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ ရာထူးကြီးကြီးနေရာ ရတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ်။

ဒါတင်မကသေးဘဲ မူရူဂန်တစ်ယောက် အဲဒီလုပ်ငန်းပိုင်ရှင်ရဲ့ သမီးဖြစ်သူနဲ့ ချစ်ကြိုက်ပြီး လက်ထပ်ဖိုအထိ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုအဆင်ပြေနေတဲ့အချိန်မှာပဲ မူရူဂန်ရဲ့ဖခင်ဟာ ဆုံးပါးသွားတဲ့နောက်မှာ မူရူဂန်တစ်ယောက် ဖခင်ရဲ့ဆိုင်လေးဟာ ရွာသားတွေအတွက် စားသောက်ဆိုင်သက်သက်တင်မကဘဲ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်နေကြောင်း သိလာခဲ့ပါတော့တယ်။

ဒီလိုနဲ့ တခြားနိုင်ငံက အောင်မြင်မှုတွေကို ထားခဲ့ပြီးတော့ ဖခင်ရဲ့ အမွေတွေကို ထိန်းသိမ်းဖို ဇာတိမြေကို ပြန်လာတဲ့အခါမှာတော့ ………..
မူရူဂန်တစ်ယောက် ဘယ်လို အတွေ့အကြုံတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါဦး။

Genre ….. Action, Drama
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
File Size ….. 1.32GB / 2.8GB
Review ….. Elsa
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Idli Kadai
Idli Kadai
Idli Kadai
Idli Kadai
Idli Kadai
Idli Kadai
Idli Kadai
Idli Kadai
Idli Kadai
Idli Kadai
Original title இட்லி கடை
IMDb Rating 6.5 5,400 votes
TMDb Rating 6.417 12 votes

Director

Dhanush
Director

Cast

Dhanush isMurugan
Murugan
Rajkiran isSivanesan
Sivanesan
Sathyaraj isVishnu Vardhan
Vishnu Vardhan
Vadivukarasi isSivanesan's Mother
Sivanesan's Mother
Ilavarasu isRamarajan
Ramarajan

ads

Similar titles

Kaantha
Dopamine
The Forbidden City
Pattaya Heat
Kuttram 23
Along with the Gods: The Two Worlds
The Favor
Extraction
Desert Dawn
The Fix
Reverence
Sugar

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On