Ads
ads
Youth

Youth

Mar. 19, 2026India141 Min.NR
Your rating: 0
8 1 vote

Synopsis

Youth (2-0-2-6) Tamil

IMDB ⭐️ 7.3/10

“အချစ်ဆိုတာ ဘာမှန်းသေချာမသိသေးတဲ့ အရွယ်မှာ… အချစ်စစ်ကို ရှာဖွေချင်ခဲ့တဲ့ ကောင်လေးတစ်ယောက်”

“ကျောင်းမပြီးခင် အချစ်စစ်ကို တွေ့အောင်ရှာမယ်ဆိုတဲ့ ခံယူချက်မျိုး ကိုယ့်ဆယ်ကျော်သက်ဘဝမှာရော ရှိခဲ့ဖူးလား…”

ကဲ… လူငယ်ဘဝရဲ့ အချစ်ဦး၊ ကျောင်းသားဘဝ အချစ်ဇာတ်လမ်း Feel-Good Romance လေးတွေ ကြိုက်တတ်တဲ့ ဘော်ဒါတွေအတွက် IMDB rating 7.3 အထိရထားတဲ့ Tamil Coming-of-Age / Rom-Com ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီကားလေးမှာတော့ ဂီတမှူးရော မင်းသားပါ လုပ်နေတဲ့ ကျွန်တော်တို့ရဲ့ အချစ်တော် G.V. Prakash Kumar ပါဝင်အားဖြည့်ထားပြီး teenage romance vibe လေးကိုမှ ဟာသလေးတွေ အလွဲလေးတွေထည့်ထားတဲ့ feel good အချစ်ဇာတ်လမ်းလေးပါ။

ဇာတ်လမ်းလေးကတော့ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် ကောင်လေး ပရာဗင်း အကြောင်းကို ရိုက်ကူးထားတာပါ။

ကျောင်းနေပျော်ပေမဲ့ စာနေမတော်တဲ့ ဘုရားစူး ဘိတ်ကနံပါတ်တစ်ချိတ်တဲ့ ပရာဗင်းလေးမှာ တလွဲဆံပင်ကောင်းတဲ့ မဟာရည်မှန်းချက်ကြီးတော့ရှိပါတယ်

အဲဒါကတော့ ကျောင်းမပြီးခင် အထက်တန်းကျောင်းသားဘဝမှာ သူ့ရဲ့ “အချစ်စစ်” ကို မရရအောင် ရှာမယ်ဆိုတာပါပဲ။

သစ်ရွက်လှုပ်ရင် ရယ်တတ်တဲ့ အချစ်ဆိုတာကို စူးစမ်းချင်တဲ့ အရွယ်ဆိုတော့ လွဲချော်မှုတွေ၊ အသည်းကွဲရတာတွေ၊ ကြည်နူးစရာ ဇာတ်လမ်းလေးတွေ စုံနေအောင် ကြုံတွေ့ရတော့တာပေါ့။ ဒီလိုနဲ့ ကောင်မလေးတွေနဲ့ ပတ်သက်မိရင်း၊ အသည်းတွေကွဲရင်းကနေ အချစ်ရဲ့ တကယ့်အဓိပ္ပာယ် အစစ်အမှန်ကို သူဘယ်လို ရှာဖွေတွေ့ရှိသွားမလဲ… သူ့ရဲ့ လူငယ်ဘဝ အတွေးအခေါ်တွေနဲ့ ရင့်ကျက်မှုတွေက ဘယ်လို ပြောင်းလဲသွားမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းအောင် ရိုက်ပြထားတာပါ။

အရမ်းကြီး လေးနက်တဲ့ ဒရာမာတွေ၊ အက်ရှင်တွေကြည့်ရတာ မွန်းကျပ်နေပြီး ကိုယ့်ရဲ့ ဆယ်ကျော်သက် ကျောင်းသားဘဝကို ပြန်လွမ်းချင်သူတွေအဖို့တော့ အေးအေးဆေးဆေး အပန်းပြေစေမဲ့ ဇာတ်ကားကောင်းလေးပါပဲ။

Genre ….. Comedy, Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.19GB / 2.25GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Youth
Youth
Youth
Youth
Original title யூத்
IMDb Rating 7.4 4,474 votes
TMDb Rating 6 1 votes

Director

Ken Karunaas
Director

Cast

ads

Similar titles

Splitsville
Viswam
Kiss
Voice The Phone
Bayo
Eternity
Jimmy Carr: Natural Born Killer
Air
Murderer Report
The Naked Gun
Elumale
Hunting Season

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On