Ads
ads

Video Sources 0 Views

  • Watch trailer
Aan Paavam Pollathathu

Aan Paavam Pollathathu

Oct. 31, 2025India120 Min.NR
Your rating: 0
7 1 vote

Synopsis

Aan Paavam Pollathathu (2025)

IMDB-7.1/10
Genre- Comedy, Drama, Romance

စရိုက်မတူတဲ့နှစ်ယောက် လက်ထပ်ကြမယ်ဆိုရင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝရရှိနိုင်ပါ့မလား။အခုတစ်ခါမှာတော့ မင်းသားကြီး Rio Raj နဲ့ မင်းသမီးချောလေး Malavika Manojတို ပါဝင်သရုပ်ဆောင်ထားတဲ့ အိမ်ထောင်ဇာတ်လမ်းရှုပ်ထွေးမှုကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ရှက်တီဆိုတဲ့ကောင်မလေးဟာ သူ့အဖေရဲ့ စည်းကမ်းကြီးမှုကြောင့် ဝတ်ချင်တာမဝတ်ရ လုပ်ချင်တာမလုပ်ရဖြစ်နေတာပေါ့။ တစ်ရက်မှာတော့ သူ့မိဘတွေက ရှီဗာဆိုတဲ့ကောင်လေးအကြောင်းစုံစမ်းပြီး ရှက်တီနဲ့သဘောတူပေးစားလိုက်ပါတယ်။

ရှီဗာက ရှက်တီကို မြင်မြင်ချင်းချစ်မိသွားတယ်။သူတိုနှစ်ယောက် ချိန်းတွေ့ကြပြီး တစ်ယောက်အကြောင်းတစ်ယောက် ပြောပြခဲ့ကြတယ်။ အဲဒီအချိန်မှာ ရှက်တီက သူ့အဖေရဲ့ အုပ်ထိန်းမှုကြောင့် သူ့စိတ်တိုင်းကျ မနေရဘူးဆိုပြီး ရင်ဖွင့်တာပေါ့။ ရှီဗာက ရှက်တီကို ချစ်မိသွားတာကြောင့် သူနဲ့လက်ထပ်ပြီးရင် ရှက်တီ့ဆန္ဒအတိုင်း နေခွင့်ရမယ်လိုပြောတယ်။

သူတိုအိမ်ထောင်ရေးက အစပိုင်းမှာအဆင်ပြေပေမဲ့ အိမ်ထောင်ရေးသက်တမ်း ရက်ပေါင်း၄၀ကြာလာတဲ့အခါမှတော့ လင်မယားကြား ပဋိပက္ခလေးတွေရှိလာပါတယ်။ ဘာလိုဆို သူတိုနှစ်ယောက်ရဲ့ မတူညီတဲ့စရိုက်တွေကြောင့်ပဲဖြစ်ပါတယ်။

လူလတ်တန်းစားဖြစ်တဲ့ ရှီဗာဟာ ဇနီးသည်လေး တင့်တောင့်တင့်တယ်နေရဖို အလုပ်ကြိုးစားလုပ်ရှာတယ်။ တစ်ဖက်မှာတော့ ရှက်တီက အရမ်းခေတ်မီလွန်ပြီး သူ့ယောကျ်ားရဲ့အချစ်ခံချင်တာပေါ့။

ခေတ်ရှေ့ပြေးနေတဲ့ ရှက်တီဟာ ရှီဗာရဲ့မိသားစုတွေ့ဆုံပွဲမှာလည်း ယောကျ်ားဖြစ်သူရဲ့ သိက္ခာကိုမှမထောက် မပေါ်တပေါ် ဝတ်လာတာပေါ့။ လူကြီးမိဘတွေရှေ့မှာလည်း အပြုအမူမတတ် ခြေထောက်ချိတ်ပြီးထိုင်လေတယ်။ အမြင်သဘောထားမတူတဲ့ သူတိုနှစ်ယောက်ဟာ ကိစ္စအသေးအမွှားလေးတွေနဲ့ ရန်ဖြစ်တတ်ကြပါတယ်။

ရည်းစားဘဝမှာ သူတိုနှစ်ယောက်ဟာ တစ်ယောက်အကြောင်း တစ်ယောက်မလေ့လာဘဲ မိဘသဘောတူပေးစားလို ချက်ချင်းလက်ထပ်လိုက်ကြတဲ့အခါ အိမ်ထောင်ရေးဘဝမှာ ကတောက်ကဆလေးတွေဖြစ်လာတဲ့ ဇာတ်လမ်းကို ဒါရိုက်တာ Kalaiarasan Thangavelက စိတ်ဝင်စားစရာ ပုံဖော်ရိုက်ကူးထားပါတယ်။

Genre ….. Comedy, Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.11GB / 2.27GB
Review ….. Nyein Su
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Aan Paavam Pollathathu
Original title ஆண் பாவம் பொல்லாதது
IMDb Rating 7 1,351 votes
TMDb Rating 6 4 votes

ads

Similar titles

Kesari Chapter 2: The Untold Story of Jallianwala Bagh
My Old Ass
No Other Love
Love Li
Loveyapa
Nana Hee
I Am What I Am
Tenung
Cells at Work!
Warrior Awang and Master Tok Gajah
Family At Large
Champagne Problems

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On