
Mirzapur: The Movie (2026)
မီဇာပူမြို့ရဲ့ ပုလ္လင်လုပွဲ
မီဇာပူမြို့ရဲ့ အာဏာပလ္လင်ကို ဘယ်သူပိုင်ဆိုင်မလဲ။ သွေးကြွေးနဲ့ အာဏာလုပွဲတွေကြားမှာ အင်အားကြီးဂိုဏ်းတွေ အပြန်အလှန်ထိပ်တိုက်တွေ့လာကြပြီး အရင်က ရန်ငြိုးဟောင်းတွေကလည်း တစ်ဖန်ပြန်လည်အသက်ဝင်လာပါတော့တယ်။
အစ်ကိုကလင်း ဂူဒူပန်ဒစ်နဲ့ မွန်နာတရီပါတီတို့လို အန္တရာယ်များတဲ့ ဇာတ်ကောင်တွေ ထိပ်တိုက်တွေ့လာတဲ့အခါ မီဇာပူမြို့ရဲ့ မြေအောက်လောကမှာ အာဏာချိန်ခွင်လျှာဟာ တစ်ဖန်ပြောင်းလဲလာပါတော့တယ်။ တစ်ဖက်မှာလည်း ဘာဘန်ယာဒါလို အင်အားကြီးပြိုင်ဘက်အသစ်တွေရဲ့ ဝင်ရောက်လာမှုက အခြေအနေကို ပိုမိုရှုပ်ထွေးစေပါတယ်။
ယုံကြည်မှုက သစ္စာဖောက်မှုဖြစ်သွားနိုင်ပြီး မိတ်ဆွေဆိုတာလည်း ရန်သူဖြစ်သွားနိုင်တဲ့ ဒီလောကမှာ အာဏာအတွက် ဘယ်သူက ဘယ်သူ့ကို စတေးမလဲ။ သွေးကြွေးဟောင်းတွေကို ပြန်လည်ပေးဆပ်ရင်း မီဇာပူရဲ့ အုပ်စိုးသူဖြစ်လာဖို့ ဘယ်သူက နောက်ဆုံးအထိ ရှင်သန်နိုင်မလဲ။
ဒီကားဟာ လူမိုက်ဂိုဏ်းတွေကြားက အာဏာလုပွဲ၊ သစ္စာဖောက်မှု၊ မိသားစုအရှုပ်အထွေးတွေနဲ့ နိုင်ငံရေးကစားကွက်တွေကို အပီအပြင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုးပါ။ ဇာတ်ကောင်တစ်ခုချင်းစီတိုင်းက သူတင်ကိုယ်တင် သရုပ်ဆောင်ထားကြပြီး Plot twists တွေ များတဲ့အတွက် ဒီလိုဇာတ်ကြမ်းမျိုးကြိုက်သူတွေအတွက်တော့ ထိုင်ရာကမထချင်လောက်အောင် ဆွဲဆောင်မှုရှိမဲ့ ဇာတ်ကားကောင်းတစ်ခုအဖြစ် ညွှန်းဆိုပေးချင်ပါတယ်။
IMDb Rating ….. 8.5/10
Genre …………. Action, Crime, Thriller
Quality ……….. 720P / 1080P WEB
File Size ……… 1.7 GB / 3.5GB
Review ………… LL
Translator …….. RMC Team
Encoder ……….. Ray