
G-r-e-e-n N-i-g-h-t (2023)
=====================
IMDB ⭐️ 5.3/10
တရုတ်မင်းသမီး ဖန်ပင်းပင်းနဲ့ ကိုရီးယားမင်းသမီးလေးတို့ရဲ့ GL ကားလေး..
သူစိမ်းနှစ်ယောက်ကြားက ဆွဲဆောင်မှုက အန္တရာယ်တစ်ခုထက် ပိုနေတဲ့အခါ..
ဘဝရဲ့ အမှောင်ထုထဲကနေ အတူတူရုန်းထွက်ဖို့ ကြိုးစားကြမဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ညဉ့်နက်သန်းခေါင်ခရီးစဉ်..
ဒီကားမှာ တစ်ခေတ်တစ်ခါက တရုတ်ရဲ့ ထိပ်တန်းမင်းသမီးကြီး Fan Bingbing က ကိုရီးယားမှာ အခြေချနေထိုင်ပြီး ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့သူအဖြစ် ပါဝင်ထားပါတယ်။ သူ့ရဲ့ Partner ဆံပင်စိမ်းလေးနဲ့ ကောင်မလေးအဖြစ် Itaewon Class ထဲက အမိုက်စား စားဖိုမှူးချောမလေး Lee Joo Young က ပုံဖော်ထားတာပါ။ မတူညီတဲ့ နောက်ခံရှိတဲ့ ဒီအမျိုးသမီးနှစ်ယောက်ရဲ့ Chemistry က ဇာတ်လမ်းတစ်လျှောက်လုံး ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေမှာပါ။
ဇာတ်လမ်းကတော့ ဆိုးလ်လေဆိပ်က လုံခြုံရေးစစ်ဆေးရေးဂိတ်မှာ အလုပ်လုပ်တဲ့ ဂင်ဟွာက ထူးခြားတဲ့ ဆံပင်အစိမ်းရောင်နဲ့ ကောင်မလေးတစ်ယောက်ကို စစ်ဆေးရာကနေ စတင်ခဲ့ပါတယ်။ ဒီဆုံတွေ့မှုကနေတစ်ဆင့် သူတို့နှစ်ယောက်ဟာ ကိုရီးယားရဲ့ မှောင်ခိုလောကထဲကို မတော်တဆ ရောက်ရှိသွားပြီး သူတို့ကို ချုပ်ကိုင်ထားတဲ့ အမျိုးသားတွေရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့ အတူတူ ရုန်းကန်ကြရပါတော့တယ်။
သာမန် Road Trip Drama တွေလို မဟုတ်ဘဲ၊ လှပတဲ့ Visual တွေ၊ ရင်နင့်စရာကောင်းတဲ့ ခံစားချက်တွေနဲ့အတူ အမျိုးသမီးနှစ်ယောက်ရဲ့ ရဲရင့်တဲ့ တော်လှန်မှုကို အနုပညာဆန်ဆန် ရိုက်ကူးပြသထားပါတယ်။ မတူညီတဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုကြားက နားလည်မှုတွေကိုလည်း ထိထိမိမိ မြင်တွေ့ရမှာပါ။
တကယ်လို့ ပရိသတ်ကြီးက Thelma & Louise လိုမျိုး အမျိုးသမီးတွေရဲ့ အားမာန်နဲ့ Mystery ဆန်ဆန် vibe မျိုးကို ကြိုက်ပြီး Fang Bingbing ကိုလည်း တွေ့ရ.. သည်းထိတ်ရင်ဖို GL ကားလေးကိုလည်း ကြည့်ရမှာမို့ အခုပဲ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦးနော်။
Genre ….. Drama
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 788.3MB / 1.68GB
Review ….. Bom
Translator ….. Bom
Encoder ….. SNNT
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| FHD 1080p | TeraBox | 1.68GB | 1 | |
| HD 720p | TeraBox | 788.3MB | 1 | |
| HD 720p | StreamHG | 788.3MB | 4 | |
| FHD 1080p | Megaup | 1.68GB | 5 | |
| HD 720p | Megaup | 788.3MB | 6 | |
| FHD 1080p | Telegram | 1.68GB | 6 | |
| HD 720p | Telegram | 788.3MB | 4 | |
| FHD 1080p | Yoteshinportal | 1.68GB | 4 | |
| HD 720p | Yoteshinportal | 788.3MB | 6 |