Ads
ads

Video Sources 0 Views

  • Watch trailer
Peddi

Peddi

Hurt. Bruised. But not beaten.Jun. 03, 2026India192 Min.NR
Your rating: 0
10 1 vote

Synopsis

P_e-d-d_i (2-0-2-6) Telugu
=====================

IMDB ⭐️ 6.1/10

“ကိုယ့်ရွာ၊ ကိုယ့်မြေ၊ ကိုယ့်ဂုဏ်သိက္ခာအတွက်ဆိုရင်… အားကစားကလည်း အကောင်းဆုံး လက်နက်တစ်ခုပါပဲ ကိုယ့်ရဲ့တောင်းဆိုတဲ့အသံကို မကြားဘူးဆိုရင် လူတိုင်းမြင်ရတဲ့ထိပ်ဆုံးကနေ တက်ပြောဖို့ ဝန်မလေးဘူး”

ကဲ… တောင်ပိုင်း Action ကားကြမ်းကြမ်းတွေ၊ ရွာအခြေခံ Period Drama ကားကောင်းကောင်းတွေ မျှော်နေတဲ့ ကျွန်တော်တို့ ပရိသတ်ကြီးအတွက် အခုမှ အသစ်စက်စက် ထွက်ရှိလာတဲ့ ဇာတ်ကားကြီးရဲ့ hdtc version လေးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာဆိုရင်တော့ RRR တို့၊ Magadheera တို့လို ကားတွေနဲ့ ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်နေတဲ့ Mega Power Star မင်းသားကြီး Ram Charan ကိုယ်တိုင် အကြမ်းစား ရွာသားကာရိုက်တာနဲ့ ပါဝင်အားဖြည့်ထားတာဆိုတော့ အက်ရှင်ခန်းတွေ၊ ဒိုင်ယာလော့ဂ်တွေကတော့ လုံးဝအနှစ်ပါပဲ။

ဇာတ်လမ်းကတော့ ၁၉၈၀ ခုနှစ်ဝန်းကျင် အန်ဒရာပရာဒေ့ရှ် ပြည်နယ်က ဝေးလံတဲ့ ရွာလေးတစ်ရွာမှာ အခြေတည်ထားပါတယ်။

အဲဒီရွာမှာ နေထိုင်တဲ့ တက်ကြွပြီး သွေးဆူလွယ်တဲ့ ရွာသားလေးတစ်ယောက် ပက်ဒီဟာ … ဒီရွာတစ်ဝိုက်မှာတော့ လူတိုင်းအားကျရတဲ့သူ။

အားကစားနည်းတော်တော်များများမှာ ကျွမ်းကျင်လွန်းတဲ့ ပက်ဒီဟာ ရွာလူငယ်တွေရဲ့စံနမူနာပေါ့။

ဒါပေမဲ့ ပက်ဒီတို့ရွာလေးဟာ အစိုးရရဲ့သတ်မှတ်ပြည်နယ်ထဲမပါသလို သတ်သတ်မှတ်မှတ် နာမည်တောင်မရှိရှာပါဘူး။ သူတို့ရွာဘေးမှာရှိနေတဲ့ရထားလမ်းကနေ နေ့စဉ်ဖြတ်နေတဲ့ ရထားကတောင် သူတို့ကို လူရာမသွင်းတဲ့အပြင် ဘေးပတ်ဝန်းကျင်ကရွာတွေကလည်း ပက်ဒီတို့ရွာသားဆို တောင်အောက်ကရွာသား အောက်တန်းစားလို့ပဲ သတ်မှတ်ထားကြတာပါ။

သူတို့ရွာလေးမှာ ဘူတာလေးဆိုက်ဖို့ နှစ် ၃၀ တိုင်တိုင် ကြိုးစားခဲ့တဲ့ အပ်ပလာဆူရီတစ်ယောက် ဒီရထားဘူတာဆိုက်ဖို့အတွက်နဲ့ အသက်ကိုပါပေးသွားချိန်မှာ ပက်ဒီတစ်ယောက် ရင်ထဲကရည်မှန်းချက်တွေပြောင်းသွားပါတော့တယ်။

ငါ့အသံက သေးနုပ်လွန်းနေတယ် ငါ့ဖြစ်တည်မှုက သိမ်ဖျင်းလွန်းနေတယ်ဆို မင်းတို့မြင်ရတဲ့နေရာကို ငါတက်လှမ်းခဲ့မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အားကစားဘက်ကို ဇောက်ချလုပ်ပါတော့တယ်။

ပက်ဒီတစ်ယောက် သူတို့ရွာအတွက် အမှတ်အသားတစ်ခုရရေးအတွက် ဘယ်လိုကြိုးပမ်းမလဲဆိုတာ သာမန် ရိုက်ခုတ် သတ်ပုတ်နေတဲ့ အက်ရှင်တွေချည်းပဲ မဟုတ်ဘဲ ရွာသူရွာသားတွေရဲ့ သံယောဇဉ်၊ စည်းလုံးမှုနဲ့ အားကစားပြိုင်ပွဲရဲ့ အကြိတ်အနယ် ရှိမှုတွေကိုပါ ခံစားရမယ့် Period Drama ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ အခုပဲ မလွတ်တမ်းရှုစားလိုက်ကြပါဦးခင်ဗျာ။

Genre ….. Action, Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.66GB / 3.58GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray

Rainbow Channel

Peddi
Peddi
Peddi
Peddi
Peddi
Peddi
Peddi
Peddi
Peddi
Peddi
Original title పెద్ది
TMDb Rating 9.333 3 votes

ads

Similar titles

Deadpool
Protector
Everybody Loves Me When I’m Dead
Dhurandhar: The Revenge
John Wick: Chapter 4
Blind Spot
Emmanuelle
Alpha
Bank Of Bhagyalakshmi
The Witch: Part 1. The Subversion
Karam
Blast

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On