Ads
ads

Video Sources 0 Views

  • Watch trailer
Gohan

Gohan

One stray dog, three owners, comes the love that lasts fur-ever.Apr. 02, 2026NA145 Min.NR
Your rating: 0
5 1 vote

Synopsis

G_o-h-a_n (2-0-2-6)
================

IMDB ⭐️ 7.5/10

“လူတွေက အချိန်တန်ရင် ကျောခိုင်းသွားတတ်ကြပေမဲ့ သစ္စာရှိတဲ့ခွေးလေးတစ်ကောင်အတွက်တော့ မင်းရှိတဲ့နေရာက သူ့ရဲ့ကမ္ဘာပါပဲ…”

“How to Make Millions Before Grandma Dies” နဲ့ ပရိသတ်တွေကို မျက်ရည်တွေ ဆယ်ခွက်စာလောက် ညှစ်ထုတ်သွားတဲ့ GDH 559 ကနေ ထုတ်လုပ်ထားပြီး၊ 2026 ရဲ့ ထိုင်း Box Office စံချိန်တင်ထားတဲ့ Tearjerker Drama ကားသစ်ကြီး Gohan ထွက်ရှိလာပါပြီ။

ဒီကားလေးရဲ့ ထူးခြားချက်က သာမန် ခွေးလေးတစ်ကောင်ရဲ့ ဇာတ်လမ်းဆိုတာထက် လူသားတွေရဲ့ အထီးကျန်မှုနဲ့ နာကျင်မှုတွေကို တိရစ္ဆာန်လေးတွေက ဘယ်လို ကုစားပေးနိုင်လဲဆိုတာကို ရိုက်ပြထားတာပါ။

မင်းသားမင်းသမီးတွေအနေနဲ့ ထိုင်းနာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Tu Tontawan နဲ့ Jaonai Wattanasin တိုအပြင်၊ ကျွန်တော်တို မြန်မာပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချော ပိုးမမှီသာ ကိုယ်တိုင် အဓိကပါဝင်အားဖြည့်ထားတာမို ပိုပြီး ရင်ခုန်စရာပါပဲ။ ဒါ့အပြင် Bad Genius ဒါရိုက်တာ Nattawut Poonpiriya အပါအဝင် နာမည်ကြီး ဒါရိုက်တာ (၃) ယောက်က ပူးပေါင်းဖန်တီးထားတာဆိုတော့ Quality ကတော့ တကယ့်အနှစ်လေးပါပဲ။

ဇာတ်လမ်းကတော့ ပန်းရောင်နှာကျားလေးနဲ့ “ဂိုဟန်” လိုခေါ်တဲ့ လေလွင့်ခွေးဖြူလေးတစ်ကောင်ရဲ့ ၁၀ နှစ်တာ ခရီးစဉ်ကို အခြေခံထားပါတယ်။

ဂိုဟန်လေးဟာ လေလွင့်နေရင်းနဲ့ မတူညီတဲ့ အချိန်ကာလ (၃) ခုမှာ လူသား (၃) ယောက်ရဲ့ ဘဝထဲကို အမှတ်မထင် ဝင်ရောက်သွားပါတယ်။ ပထမဆုံး သူရောက်သွားတာကတော့ အငြိမ်းစားယူခါနီးဖြစ်နေတဲ့ အထီးကျန် ဂျပန်လူမျိုး ကားအင်ဂျင်နီယာကြီး ဟီရိုဆီကိုပါ။ အဲဒီကနေတစ်ဆင့် ထိုင်းနိုင်ငံက ကယ်ဆယ်ရေးစခန်းမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကောင်မလေးဆီကို ရောက်သွားပြန်ပါတယ်။

ဂိုဟန်လေးဟာ သူ့ကို ‘ဂိုဟန်’၊ ‘ဘရောင်နီ’၊ ‘ဟီမာ’ ဆိုပြီး နာမည်မျိုးစုံနဲ့ ခေါ်ကြတဲ့ လူသားတွေရဲ့ နာကျင်မှု၊ အထီးကျန်မှုတွေကို အချစ်တွေနဲ့ အစားထိုး ကုစားပေးရင်း… သူကိုယ်တိုင်ရော နွေးထွေးတဲ့ အိမ်ကလေးတစ်လုံးကို အဆုံးမှာ ရှာတွေ့သွားမလားဆိုတာ…

ရုပ်ရှင်တစ်ကားလုံးမှာ ခွေးလေးတွေရဲ့ သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ပါပဲ။ လူတွေရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကြည့်နေရင်းနဲ့ ရင်ထဲကို တိုက်ရိုက်လာထိစေတဲ့ ဇာတ်ကားမျိုးပါ။

တိရစ္ဆာန်ချစ်သူတွေတင်မကဘဲ ဘဝရဲ့ အမောတွေကြားမှာ နွေးထွေးတဲ့ အချစ်မေတ္တာကို ခံစားချင်သူတိုင်း မဖြစ်မနေ ကြည့်ရှုသင့်တဲ့ Tearjerker Drama ဇာတ်ကားကောင်းလေးဖြစ်လို တစ်သျှူးလေးဆောင်ပြီးတော့ ခုပဲ ရှုစားလိုက်ကြပါဦးဗျာ။

Genre ….. Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.04GB / 2.21GB
Review ….. Venus
Translator ….. Venus
Encoder ….. SNNT

Rainbow Channel

Gohan
Gohan
Gohan
Gohan
Gohan
Gohan
Gohan
Gohan
Gohan
Gohan
Original title โกฮัง..หัวใจโกโฮม
IMDb Rating 7.5 962 votes
TMDb Rating 7.1 14 votes

ads

Similar titles

The Paradise of Thorns
Balti
Gayong
Jabang Mayit
Art of Love
Dhadak 2
Deadly Escape
Bogotá: City of the Lost
Blazing Fists
Six Days in August
Kirot
Lucky Baskhar

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On