Ads
ads

Video Sources 0 Views

  • Watch trailer
Theatre: The Myth of Reality

Theatre: The Myth of Reality

The Myth Of RealityOct. 16, 2025India138 Min.NR
Your rating: 0
9 1 vote

Synopsis

Theatre: The Myth of Reality (2-0-2-5) Malayalam

IMDB ⭐️ 7.8/10

“ဒဏ္ဍာရီနဲ့ လက်တွေ့ဘဝကြားကစည်းနဲ့… လူ့အဖွဲအစည်းရဲ့ မျက်နှာဖုံးတွေ”

Mollywood (Malayalam) ကားကောင်းကောင်း မျှော်နေသူတွေ၊ အထူးသဖြင့် “Biriyaani” လို ကားမျိုးကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Sajin Baabu ရဲ့ လက်ရာကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားကောင်းလေး လာပါပြီ။

မင်းသမီးကတော့ ကျွန်တော်တို့ရဲ့ အချစ်တော်၊ သရုပ်ဆောင် ပိုင်နိုင်လွန်းတဲ့ Rima Kallingal (Virus, 22 Female Kottayam) ပါပဲ။ ဒီကားနဲ့ Kerala Film Critics Association Awards မှာ “Best Actress” ဆုပါ ရထားတဲ့အပြင် ဇာတ်ကားကလည်း Jury Award ရထားတာမလို့ စီးပွားရေးဆန်တဲ့ commercial ကားတော့မဟုတ်ဘူးပေါ့ဗျာ။

ဇာတ်လမ်းအကျဉ်းကတော့… ကေရာလာပြည်နယ်ရဲ့ လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းတစ်ကျွန်းမှာ နေထိုင်ကြတဲ့ မီရာ (Rima Kallingal) နဲ့ သူ့အမေအိုကြီး (Sarasa Balussery) တို သားအမိနှစ်ယောက်အကြောင်းပါ။ သူတို့က ခေတ်မီကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး ရှေးရိုးရာ မြွေဘုရားကျောင်းကို ထိန်းသိမ်းရင်း သဘာဝတရားနဲ့အညီ အေးအေးချမ်းချမ်း နေထိုင်ကြသူတွေပေါ့။

ဒါပေမဲ့ တစ်နေ့မှာတော့ မီရာတစ်ယောက် ထူးဆန်းတဲ့ အင်းဆက်ပိုးကောင် ကိုက်တာကို ခံလိုက်ရပြီး ပြင်းထန်တဲ့ ရောဂါကူးစက်မှုကို ခံစားလာရပါတယ်။ ဒီတော့ မတတ်သာဘဲ သူတို့ရဲ့ “ဒဏ္ဍာရီဆန်ဆန်” ကျွန်းလေးကို စွန့်ခွာပြီး မြိုပေါ်က ဆေးရုံကို တက်ရောက်ကုသဖို ဖြစ်လာပါတော့တယ်။

ပြဿနာက အဲဒီမှာ စတာပါပဲ။ မီရာ သစ်ပင်တက်နေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုက Social Media မှာ Viral ဖြစ်သွားရာကနေ သူတိုသားအမိရဲ့ ဘဝထဲကို “Save Meera Campaign” ဆိုပြီး လူတွေ၊ မီဒီယာတွေ၊ နိုင်ငံရေးသမားတွေ အတင်းဝင်ရောက်လာကြတဲ့အခါ…

သူတိုရဲ့ ရိုးရှင်းတဲ့ ယုံကြည်မှု (Myth) နဲ့ ခေတ်သစ်လူ့အဖွဲအစည်းရဲ့ ရှုပ်ထွေးတဲ့ လက်တွေ့ဘဝ (Reality) တို ထိပ်တိုက်တွေ့တဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ မီဒီယာတွေရဲ့ စောင့်ကြည့်မှုအောက်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ နာကျင်မှုကို ဘယ်လို “ရောင်းကုန်” လုပ်ကြသလဲဆိုတာကို တွေ့မြင်ရမှာပါ။

သာမန် Drama ကားတွေလို မဟုတ်ဘဲ Mystery ဆန်ဆန်၊ အတွေးနယ်ချဲ့စရာတွေနဲ့ တင်ဆက်ထားတာမို “Art” ဆန်ဆန် ကားကောင်းလေးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။

Genre ….. Drama, Mystery
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.29GB / 2.35GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Theatre: The Myth of Reality
Original title തിയേറ്റർ
IMDb Rating 8.5 703 votes

ads

Similar titles

Bāhubali: The Epic
Kudumbasthan
Dog Days
The Threesome
Rise of the Planet of the Apes
I Am What I Am
Spring Garden
Haplos Ni Milagros
Saving Private Ryan
Love Me Love Me
Aliwan Inn
Sawsawan

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On