Ads
ads

Video Sources 0 Views

  • Watch trailer
Hamnet

Hamnet

Keep your heart open.Nov. 26, 2025USA126 Min.PG-13
Your rating: 0
8 1 vote

Synopsis

H_a-m-n_e-t (2-0-2-5)

IMDB ⭐️ 8.1/10

ဒီနေ့မှာတော့ 2025 ခုနှစ်ရဲ့ စောင့်ကြည့်သင့်ဆုံး၊ ရင်ထဲကို အထိရှဆုံးဖြစ်စေမယ့် Drama ကားကောင်းလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။

အဲဒါကတော့ နာမည်ကြီးစာရေးဆရာမ Maggie O’Farrell ရဲ့ Best Seller ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ “Hamnet (2025)” ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ဒီကားလေးကို မညွှန်းခင် ပြောချင်တာက ဒါဟာ ကမ္ဘာကျော်စာရေးဆရာကြီး ဝီလီယမ်ရှိတ်စပီးယား အကြောင်းပါပဲ။ ဒါပေမဲ့… ကျွန်တော်တို့သိထားတဲ့ သာမန် Biopic မျိုးမဟုတ်ဘဲ သူ့ရဲ့မိသားစု၊ အထူးသဖြင့် သူ့ရဲ့ဇနီးသည် အက်ဂ်နက်စ်နဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ရတဲ့ သားဖြစ်သူ ဟမ်းနင်တို့ရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်ကို အဓိကပုံဖော်ထားတာပါ။

ဒီဇာတ်လမ်းလေးကိုတော့ ၁၅၈၀ ဝန်းကျင်ကာလ အင်္ဂလန်နိုင်ငံက မြို့ငယ်လေးမှာ အခြေတည်ထားပါတယ်။ စာပေသမားပီပီ နုနုရွရွနေတတ်တဲ့ လက်တင်ဘာသာဆရာလေး ဝစ်လ်ဟာ သဘာဝလွန်အာရုံခံစားမှုတွေရှိတဲ့၊ ဆေးဖက်ဝင်အပင်တွေနဲ့ ဆေးကုတတ်တဲ့ တောထဲမှာနေရတဲ့ပျော်မွေ့တဲ့ အမျိုးသမီးလေး အက်ဂ်နက်စ်နဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ကျသွားပါတယ်။

သူတို့မှာ သားသမီး ၃ ယောက်ထွန်းကားခဲ့ပေမဲ့ ကံကြမ္မာဆိုးက ၁၅၉၆ ခုနှစ်မှာ ဝင်ရောက်လာပါတယ်။ အဲဒါကတော့ တစ်မြို့လုံးကို ဒုက္ခပေးနေတဲ့ ပလိပ်ရောဂါဆိုးကြီးက သူတို့ရဲ့ ချစ်လှစွာသော ၁၁ နှစ်အရွယ် သားလေး ဟမ်းနက်လေးကို အတင်းခေါ်သွားခဲ့တာပါပဲ။

သားလေးသေဆုံးသွားတဲ့အခါမှာ မိခင်ဖြစ်သူ အက်ဂ်နက်စ်တစ်ယောက် ဘယ်လို ရူးသွပ်မတတ် ခံစားခဲ့ရလဲ… လန်ဒန်မှာ ပြဇာတ်တွေရေးဖို့ ကြိုးစားနေတဲ့ ဖခင်ဖြစ်သူ ဝစ်လ်ကရော ဒီနာကျင်မှုကို ဘယ်လိုရင်ဆိုင်လဲ…။ အဆုံးမှာတော့ သားဖြစ်သူ ဟမ်းနက်ရဲ့ နာမည်နဲ့ ဆင်တူတဲ့ ကမ္ဘာကျော် “Hamlet” ဆိုတဲ့ ပြဇာတ်ကြီးကို ဖန်တီးဖို့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းပူဆွေးမှုတွေက ဘယ်လိုတွန်းအားဖြစ်စေခဲ့သလဲ ဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

“Hamlet” ပြဇာတ်ဆိုတာ အနုပညာလက်ရာတစ်ခုသက်သက် မဟုတ်ဘဲ၊ သေဆုံးသွားတဲ့ သားလေးကို တမ်းတတဲ့ ဖခင်တစ်ယောက်ရဲ့ “ချစ်ခြင်းမေတ္တာ သက်သေ” ဆိုတာကို ဒီကားက မီးမောင်းထိုးပြသွားတာဖြစ်လို့ သင်ဟာဒရာမာဖန်စစ်စစ်ဆိုရင် ဒီကားကို လက်မလွတ်တမ်း ကြည့်ရှုသင့်ပါတယ်။

Genre ….. Drama, History, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 989.93MB / 2.19GB
Review ….. Venus
Translator ….. RMC Team
Encoder ….. N.A.S

Rainbow Channel

Hamnet
Hamnet
Hamnet
Hamnet
Hamnet
Hamnet
Hamnet
Hamnet
Hamnet
Hamnet
Original title Hamnet
IMDb Rating 8.1 23,452 votes
TMDb Rating 7.783 200 votes

ads

Similar titles

A Season of Good Rain
Yellow
The Dumpling Queen
Our Fault
Karate Kid: Legends
Rampant
Die My Love
Abraham Ozler
Mamasan
Dark Nuns
Midnight Sun
Mithde

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On