Ads
ads

Video Sources 0 Views

  • Watch trailer
Balti

Balti

Sep. 26, 2025India151 Min.NR
Your rating: 0
8 1 vote

Synopsis

Balti (2-0-2-6)
==========

IMDB ⭐️ 6.4/10

“အားကစားသမားဘဝကနေ လူမိုက်လောကထဲကို ခြေစုံပစ်ဝင်မိတဲ့အခါ… လမ်းဟောင်းကို ပြန်လျှောက်ခွင့် မရှိတော့ဘူး”

Action Drama ကားကြမ်းကြမ်းလေးတွေကိုမှ သဘောကျပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ကယ်ရာလာ နဲ့ တမီးလ်နာဒူး နယ်စပ်ဒေသလေးကို အခြေခံထားတဲ့ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီကားမှာ အဓိက ခေါင်းဆောင်မင်းသားတွေအနေနဲ့ ပရိသတ်အချစ်တော် Shane Nigam နဲ့အတူ မလေယာလမ် ရုပ်ရှင်လောကကို (၁၆) နှစ်ကြာမှ ပြန်လည်ခြေချလာတဲ့ မင်းသား Shanthanu Bhagyaraj တိုက အပြိုင်ကြဲထားတာပြီး မင်းသမီးချောလေး Preethi Asrani လည်း ပါဝင်ထားပါတယ်

ဇာတ်လမ်းကတော့ ဗေလန်ပါလာယမ်ဆိုတဲ့ မြိုလေးမှာ အခြေတည်ထားပါတယ်။ အဲဒီမြိုလေးမှာ တရားမဝင် ငွေချေးလုပ်ငန်းတွေနဲ့ မြေယာကိစ္စတွေကို ဩဇာကြီးတဲ့ ဘိုင်ရာဗန်၊ ဆိုဒါဘာဘူ နဲ့ ဂျီမား တို ၃ ယောက်က အုပ်စီးပြီး ချုပ်ကိုင်ထားတာပါ။

ဇာတ်လိုက်ကြီး အူဒါယန် (ခေါ်) ဘယ်လ်တီ ကတော့ ကာဘူဒီ အားကစားကို ရူးသွပ်သူဖြစ်ပြီး သူ့သူငယ်ချင်းတွေဖြစ်တဲ့ ကူးမား၊ ရာမက်ရှ်၊ မာနီ၊ ပရာဒိ တိုအုပ်စုနဲ့အတူ သံယောဇဉ်ကြီးကြီး ဖြတ်သန်းနေတဲ့ လူငယ်လေးပေါ့။

တစ်ရက်မှာ သူတိုသူငယ်ချင်းတစ်စုဟာ နယ်ခံ ကာဘူဒီပြိုင်ပွဲမှာ နာမည်ကြီး ဘိုင်ရာဗန်ရဲ့အသင်းကို အနိုင်ယူလိုက်ရာကနေ ပြဿနာစပါတော့တယ်။ အစပိုင်းမှာ ရန်စောင်ကြပေမဲ့ သူတိုအုပ်စုရဲ့ စည်းလုံးမှုနဲ့ လက်ရုံးရည်ကို သဘောကျသွားတဲ့ ဘိုင်ရာဗန်က သူ့အသင်းအတွက် ကိုယ်စားပြုကစားပေးဖို ကမ်းလှမ်းလာပါတယ်။

အဲဒီကနေ တစ်ဆင့် ပြိုင်ပွဲတွေမှာ ဗိုလ်စွဲပေးရာကနေ ဘိုင်ရာဗန်ရဲ့ ယုံကြည်စိတ်ချရတဲ့ လူယုံတွေဖြစ်လာပြီး တရားမဝင် ငွေချေးလုပ်ငန်းရဲ့ အမှောင်လောကထဲကို တဖြည်းဖြည်းနဲ့ ခြေစုံပစ် ဝင်မိသွားကြပါတော့တယ်။

ဒါပေမဲ့ “ငွေကြေးနဲ့ အာဏာ” ကြီးစိုးတဲ့ လောကမှာ “လူမိုက်ဆိုတာ သက်တမ်းမရှည်ဘူး” ဆိုတဲ့အတိုင်းပါပဲ…။ ဘိုင်ရာဗန်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် အူဒါယန်ချစ်ရတဲ့ ကောင်မလေးရဲ့မိသားစု ထိခိုက်နစ်နာလာရတဲ့အခါမှာတော့…

မိသားစုလို ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ဩဇာကြီးတဲ့ ဘော့စ်ကြီးကြားမှာ အူဒါယန် တစ်ယောက် ဘယ်လို ရပ်တည်မလဲ…။ ကာဘူဒီကစားသမား လူငယ်လေးတွေ ဂိုဏ်းစတားလောကရဲ့ သွေးစွန်းတဲ့လမ်းပေါ်ကို ဘယ်လိုဆက်လျှောက်ရမလဲဆိုတာကို  ရှုစားကြပါဦး။

Genre ….. Action, Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.24GB / 2.32GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Balti
Balti
Balti
Balti
Balti
Balti
Balti
Original title ബൾട്ടി
IMDb Rating 6.4 1,974 votes
TMDb Rating 7 1 votes

Director

Cast

ads

Similar titles

Roxana
Edagaiye Apaghatakke Karana
Kaa – The Forest
Black Bag
Before Dawn
Taklee Genesis
Dark Night
Warat
Charlie the Wonderdog
Pihit
DC
Lilim

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On