
The King’s Warden (2026)
IMDB ⭐️ 7.1/10
Rottentomatoes 🍅 96%
လက်ရှိအချိန်အထိ Box Office ၁၆ သန်းကျော် ရရှိထားတဲ့
Weak Hero Class ထဲက Park Ji Hoon လေးနဲ့ Confidential Assignment ထဲက စုံထောက်
ဝါရင့်သရုပ်ဆောင်ကြီး Yoo Hae-jin ရဲ့ သမိုင်းဖြစ်ရပ်မှန် နန်းတွင်းကားသစ်လေး..
Box Office ကို သိမ်းပိုက်လိုက်တဲ့ Fallen King ရဲ့ သမိုင်းဖြစ်ရပ်မှန်ဇာတ်လမ်း..
ကိုရီးယားရုပ်ရှင် သမိုင်းမှာ ကြည့်ရှုသူအများဆုံး ရုံတင်ဇာတ်ကား The Admiral: Roaring Currents ပြီးရင် ဒုတိယမြောက် ကြည့်ရှုသူအများဆုံး ရုံတင်ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့ပြီး ဒီဇာတ်ကားကြောင့် Park Ji Hoon ကလည်း “Ten-million viewer actor” အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ Baeksang Arts Awards 2026 မှာ Best New Actor ဆု စံကာတင်ဝင်တဲ့အထိ ဇာတ်ကောင်အပေါ် သက်ဝင်စီးမျောမှု ကောင်းမွန်လွန်းတာမို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ကားကောင်းလေး တစ်ကားလည်းဖြစ်ပါတယ်။
“ပလ္လင်ပေါ်က ဆင်းသက်လာတဲ့ ဘုရင်တစ်ပါးရဲ့ မျက်ရည်ကို ဘယ်သူက အနီးကပ်ဆုံး သုတ်ပေးနိုင်မှာလဲ”
အာဏာလုပွဲတွေကြားမှာ နန်းချခံလိုက်ရတဲ့ လူငယ်ဘုရင်တစ်ပါးနဲ့ သူ့ကို စောင့်ရှောက်ဖို့ တာဝန်ကျလာတဲ့ ရွာသူကြီးတစ်ယောက်…
ဒီဇာတ်ကားဟာ ဂျိုဆွန်းခေတ်က နုပျိုတဲ့ဘုရင် ‘ဒန်ဂျုံး’ရဲ့ ဝမ်းနည်းစရာကောင်းလှတဲ့ သမိုင်းကြောင်း ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ Period Drama Genre မျိုးဖြစ်ပါတယ်။ ဘုရင်ငယ်လေး နယ်နှင်ဒဏ်ခံရတဲ့ ‘ချောင်းလျောင်းဖို’ ရဲ့ အေးချမ်းလှပတဲ့ ရှုခင်းတွေအပြင် သမိုင်းကားဆိုတာထက် ပိုတဲ့ ‘လူသားဆန်မှု’ကို မြင်တွေ့ရမှာပါ။
၁၅ ရာစု ဂျိုဆွန်းခေတ်ရဲ့ ဝေးလံခေါင်ဖျားလှတဲ့ တောင်ပေါ်ရွာလေးတစ်ရွာမှာ ရိုးသားဖြူစင်တဲ့ဟွန်းဒို (Yoo Hae-jin) ဆိုတဲ့ ရွာသူကြီး တစ်ယောက် ရှိပါတယ်။ သူ့ရွာလေး ဆင်းရဲတွင်းက လွတ်မြောက်ဖို့ နည်းလမ်းရှာနေတုန်း “နယ်နှင်ဒဏ်ခံရတဲ့ အရာရှိကြီးတွေကို လက်ခံစောင့်ရှောက်တဲ့ ရွာဟာ လာဘ်လာဘတွေ ပေါများပြီး ချမ်းသာကြွယ်ဝလာလိမ့်မယ်” ဆိုတဲ့ သတင်းကိုကြားပြီး ရွာသားတွေ စားဝတ်နေရေး အဆင်ပြေစေချင်တဲ့ စေတနာနဲ့ ဟွန်းဒိုဟာ အရာရှိတစ်ယောက် ရွာကို ရောက်လာဖို့အရေး အပြင်းအထန် လုံးပန်းပါတော့တယ်။
ဒါပေမဲ့ တကယ်တမ်း သူတို့ဆီ ရောက်လာတဲ့သူဟာ သူမျှော်လင့်ထားသလို လာဘ်လာဘတွေ ပေးနိုင်မဲ့ အရာရှိကြီး မဟုတ်ဘဲ.. အာဏာလုပွဲမှာ နန်းချခံလိုက်ရတဲ့ လူငယ်ဘုရင်လေး အီဟုန်းဝီဖြစ်နေခဲ့ပါတယ်။ နန်းကျဘုရင်လေးဟာ ဘာအာဏာ၊ ဘာစည်းစိမ်မှ မပါဘဲ အထီးကျန်စွာနဲ့ ရွာလေးကို ရောက်ရှိလာတဲ့အခါမှာတော့ ဟွန်းဒိုတစ်ယောက် အကြီးအကျယ် စိတ်ပျက်စွာနဲ့ မျှော်လင့်ချက်တွေ ပျက်သုန်းခဲ့ရပါတော့တယ်။
အထီးကျန်စွာ ဘဝကို မျှော်လင့်ချက်မရှိ ဖြတ်သန်းနေတဲ့ ဘုရင်ငယ်လေးနဲ့ မှန်းချက်နဲ့ နမ်းထွက်မကိုက်လို့ စိတ်အပျက်ကြီး ပျက်သွားတဲ့ ရွာသူကြီး..
သူတို့နှစ်ယောက်ကြားက အားပြိုင်မှု၊ ပဋိပက္ခမှုတွေနဲ့ နောက်ဆုံးမှာ သမိုင်းကြောင်းရဲ့ ရိုက်ခတ်မှုတွေကြား ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ချင်ပါတယ်နော်။
စာကြွင်းအနေနဲ့ ပြောချင်တာကတော့ ကြည့်ပြီးရင်တောင် ရင်ထဲမှာ စွဲကျန်နေခဲ့မဲ့ ထောင်စုနှစ်ရဲ့ အဆွေးဆုံး ဇာတ်လမ်းလေးဆိုတာပါပဲ။ ကိုရီးယားရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံး နံပါတ် (၁) ဖြစ်သွားတဲ့အထိ ဘာတွေကများ ဆွဲဆောင်နေတာလဲ.. ၁၆ သန်းကျော် ပရိသတ်တွေ ဘာလို့ မျက်ရည်ကျခဲ့ရသလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ကြည့်လိုက်ပါတော့နော်။
Genre ….. Drama, History
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 885.24MB / 2.02GB
Review ….. Bom
Translator ….. Bom, Verona
Encoder ….. Ray
Rainbow Channel