
Tenement (2-0-2-6)
“အသက်ရှင်ဖို့အတွက်ဆိုရင် ငရဲခန်းထဲကိုတောင် ဝင်ရဲရမယ်…”
ကဲ… ဇာတ်လမ်းခပ်ကြမ်းကြမ်းနဲ့ Survival Drama / Action တွေကို သဘောကျတဲ့ ဘော်ဒါတို့အတွက် ၂၀၂၆ ခုနှစ်ထွက် ပူပူနွေးနွေး ဖိလစ်ပိုင် ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားထဲမှာ ဖိလစ်ပိုင်ရဲ့ နာမည်ကျော် မင်းသားတွေဖြစ်တဲ့ Arron Villaflor နဲ့ Marco Gallo တို့က အဓိက ခေါင်းဆောင်ပါဝင်ထားပြီး Franki Russell, Yen Durano, Billy Villeta နဲ့ Benz Sangalang တို့ကလည်း အားဖြည့်ပေးထားပါတယ်။ ဒါရိုက်တာ Philip King ကိုယ်တိုင် ရိုက်ကူးထားတဲ့ကားဆိုတော့ လက်ရာကတော့ ရှယ်ပါပဲ။
ဂျွန်ဂျွန်နဲ့ ဒိုဒုန်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အဖေဖြစ်သူ ခွဲစိတ်ကုသစရိတ်အတွက် ငွေလိုလို့ မနီလာမြို့ကြီးရဲ့ ကြမ်းတမ်းတဲ့ လောကဓံကြားမှာ ဝမ်းရေးအတွက် ရုန်းကန်ရင်း အသက်ရှင်သန်ဖို့ ကြိုးစားနေကြသူတွေပါ။
ဒီလိုနဲ့ သူတို့နေတဲ့ အဆောင်ရဲ့ အိမ်ရှင်ဖြစ်သူ ရိုဆာနဲ့ ဆုံတွေ့ရာကနေ သူတို့ရဲ့ နေ့စဉ်ဘဝတွေ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။
ရိုင်းပင်းကူညီတတ်ပြီး နွေးထွေးတဲ့ ရိုဆာတို့ရပ်ကွက်လေးကြောင့် ဂျွန်ဂျွန်နဲ့ဒိုဒုန်တို့လည်း မနီလာဆိုတာ အန္တရာယ်များတဲ့နေရာဆိုတာကိုတောင် မေ့လျော့သွားတဲ့အထိပါပဲ။
တစ်နေ့မှာတော့ ရိုဆာတစ်ယောက် မထင်မှတ်ထားတဲ့ အန္တရာယ်ကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ… ကူကယ်ရာမဲ့နေတဲ့ ရိုဆာ့ကို ကယ်တင်ဖို့ ကြိုးစားရင်း ညီအစ်ကိုနှစ်ယောက်ဟာ ရက်စက်တဲ့ ကြေးစားလူသတ်သမား (Hitmen) တွေနဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။
သာမန် လူငယ်လေးနှစ်ယောက်က သွေးအေးလူသတ်သမားတွေကို ဘယ်လို အန်တုမလဲ။ ရှင်သန်ဖို့အတွက် သေနတ်ပြောင်းဝတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ညီအစ်ကို သံယောဇဉ်၊ မနီလာမြို့ရဲ့ အမှောင်ခြမ်းနဲ့ အသက်လုပွဲတွေကို ထိထိမိမိ ရိုက်ပြထားတာမို့ အက်ရှင်နဲ့ ဒရာမာ ဇာတ်လမ်းတွေကို နှစ်သက်သူတွေ လက်မလွတ်တမ်း ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်ဗျာ။
Genre ….. Action, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 895.93MB / 1.79GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| FHD 1080p | TeraBox | 1.79GB | 2 | |
| HD 720p | TeraBox | 895.93MB | 2 | |
| HD 720p | StreamHG | 895.93MB | 5 | |
| FHD 1080p | Megaup | 1.79GB | 5 | |
| HD 720p | Megaup | 895.93MB | 5 | |
| FHD 1080p | Telegram | 1.79GB | 4 | |
| HD 720p | Telegram | 895.93MB | 4 | |
| FHD 1080p | Yoteshinportal | 1.79GB | 4 | |
| HD 720p | Yoteshinportal | 895.93MB | 5 |