
B_o-r-d_e-r 2 (2-0-2-6)
IMDb ⭐️ 7.1/10 | Rotten Tomatoes 🍅 69%
“သေမင်းကိုတည့်ရင်ဆိုင်ပြီး ရန်သူအင်အားကိုမမှု အမိမြေအတွက်အသက်ပေးဖို ဝန်မလေးတဲ့ ဘာမထီသူရဲကောင်းတွေအကြောင်းရိုက်ကူးထားတဲ့ ဘော်ဒါတူး…
War/Adventure ကားကြမ်းကြမ်းနဲ့ သမိုင်းဝင်စစ်ပွဲကြီးတွေအကြောင်း ကြည့်ရတာ ကြိုက်တဲ့ ဘော်ဒါတွေအတွက် ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့ပြီး အိန္ဒိယရုပ်ရှင်သမိုင်းမှာ စံချိန်တင်အောင်မြင်ခဲ့တဲ့ နာမည်ကြီး “B-o-r-d-e-r” ဇာတ်ကားကြီးရဲ့ Sequel အသစ်စက်စက်ကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။
ပထမကား “Border (1997)” တုန်းကဆိုရင် ၁၉၇၁ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအတွင်းက နာမည်ကြီး Longewala တိုက်ပွဲအကြောင်းကို ရိုက်ပြခဲ့တာ မှတ်မိကြဦးမှာပါ။ လူအင်အား ၁၂၀ တည်းနဲ့ ရန်သူ့တင့်ကားတွေ၊ တပ်မကြီးကို ညလုံးပေါက် အသေခံခုခံခဲ့တဲ့ အိန္ဒိယစစ်သားတွေရဲ့ အကြောင်းကို မင်းသားကြီး Sunny Deol, Suniel Shetty နဲ့ Akshaye Khanna တိုက အသက်ဝင်အောင် သရုပ်ဆောင်ခဲ့လို တော်တော်လေး ပေါက်ခဲ့တဲ့ Masterpiece ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။
အခု ဆယ်စုနှစ်နှစ်ခုကျော်ကြာမှ ပြန်ထွက်လာတဲ့ “Border 2 (2026)” မှာတော့ ဇာတ်အိမ်က ပိုပြီး ကြီးမားကျယ်ပြန့်သွားပါပြီ။ ၁၉၇၁ ခုနှစ် စစ်ပွဲကာလကိုပဲ နောက်ခံပြန်ထားပေမဲ့ ဒီတစ်ခါမှာတော့ ကြည်း၊ ရေ၊ လေ တပ်မတော်သုံးရပ်လုံးရဲ့ အချိတ်အဆက်မိမိ စစ်ဆင်ရေးတွေနဲ့ သူရဲကောင်းတွေရဲ့ အကြောင်းကို အတိုင်းအတာပိုကြီးကြီးနဲ့ ပုံဖော်ထားပါတယ်။
ခေါင်းဆောင်မင်းသားကြီး Sunny Deol က OG စတိုင်လ်အတိုင်း ကြည်းတပ်က တပ်မှူးကြီးအနေနဲ့ ပြန်ပါလာပြီး၊ လေတပ်အရာရှိအဖြစ် နာမည်ကြီး ပန်ချာပီမင်းသား Diljit Dosanjh၊ ရေတပ်အရာရှိအဖြစ် Ahan Shetty နဲ့ နောက်ထပ် ကြည်းတပ်ဗိုလ်မှူးအဖြစ် Varun Dhawan တိုက အသီးသီး အားဖြည့်ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းကတော့ ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့ ရှေ့တန်းစစ်မျက်နှာပြင်က အကြိတ်အနယ် တိုက်ပွဲတွေတင်မကဘဲ၊ စစ်ထွက်သွားတဲ့ ယောကျာ်းတွေကို အိမ်ကနေ ရင်တမမနဲ့ စောင့်နေရတဲ့ ဇနီးသည်တွေ၊ မိသားစုတွေရဲ့ အလွမ်းအဆွေး ဒရာမာတွေကိုပါ မျှမျှတတလေး ထည့်သွင်းရိုက်ကူးထားပါတယ်။
Action အကြမ်းစားတွေကြားမှာ “Sandese Aate Hai” ဆိုတဲ့ သီချင်းသံလိုမျိုး ရင်ထဲစိမ့်ဝင်သွားပြီး မျက်ရည်ဝဲရမဲ့ အခန်းလေးတွေလည်း ပါတာမို Runtime ၃ နာရီ ၁၉ မိနစ်ဆိုတဲ့ အချိန်အတိုင်းအတာအတွင်းမှာ သမိုင်းဝင်စစ်ပွဲကြီးတစ်ခုထဲ ကိုယ်တိုင်ရောက်သွားသလို ခံစားရစေမဲ့ Epic War Drama ကားကြီးဖြစ်ပါတယ်။
Netflix ကနေ တိုက်ရိုက်ရုံတင်ပြသလိုက်တဲ့ကားမို Quality ကတော့ အထူးတလည် ပြောနေစရာမလိုအောင် ရှယ်ပဲဆိုတော့ စစ်ကားကောင်းကောင်း မျှော်နေသူတွေ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးဗျာ။
Genre ….. Action, Drama, War
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.79GB / 3.57GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel