
Valathu Vashathe Kallan (2-0-2-6)
IMDb ⭐️ 6.9/10
“ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေက ကိုယ့်ဆီ အချိန်မရွေး ပြန်လှည့်လာနိုင်တယ်တဲ့…”
Malayalam Crime Thriller ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် နာမည်ကျော် “Drishyam” စီးရီးတွေကို ရိုက်ကူးခဲ့တဲ့ ဆရာကြီး Jeethu Joseph ရဲ့ အသစ်စက်စက် ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။
ဒီကားမှာတော့ အိန္ဒိယတောင်ပိုင်းရဲ့ ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Biju Menon နဲ့ Joju George တိုက အဓိက ခေါင်းဆောင်ပါဝင်ထားပြီး အကြိတ်အနယ် အားပြိုင်ထားကြတာပါ။
ဇာတ်လမ်းအစမှာတော့ အန်တိုနီဆိုတာ အဂတိလိုက်စားပြီး မာနကြီးတဲ့ ရဲအရာရှိတစ်ယောက်ပါ။ သူ့ရဲ့ လုပ်ရပ်တွေနဲ့ အတ္တတွေကြောင့် သားဖြစ်သူနဲ့တောင် ဆက်ဆံရေး အဆင်မပြေဖြစ်နေသူပေါ့။
တစ်နေ့မှာတော့ အိုင်ရင်းဆာမြူရယ်ဆိုတဲ့ ကောင်မလေး ပျောက်ဆုံးသွားပြီး နောက်ပိုင်းမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ အမှုတစ်ခု ပေါ်လာပါတယ်။
ရဲအရာရှိ အန်တိုနီက ဒီအမှုကို လိုက်ရပေမဲ့ အိုင်ရင်းရဲ့အဖေ ရဲတွေရဲ့ လုပ်ဆောင်ပုံကို သံသယဝင်ပြီး သူကိုယ်တိုင် အမှန်တရားကို ဖော်ထုတ်ဖို ကြိုးစားပါတော့တယ်။ Ethical Hacker တစ်ယောက်ဖြစ်တဲ့ ဂျိုးဇက်တစ်ယောက် သမီးအတွက် ကလဲ့စားချေဖိုရာ အန်တိုနီကိုပါ ပစ်မှတ်ထားလာတဲ့အခါ…
တစ်ဖက်မှာလည်း အန်တိုနီတစ်ယောက် သူ့ရဲ့သားကို ကယ်တင်ဖိုအတွက် အချိန်နဲ့အမျှ အပြေးပြိုင်ရတဲ့ အခြေအနေဆိုက်လာပါတော့တယ်။ ကလဲ့စားချေလိုတဲ့ ဖခင်တစ်ယောက်နဲ့ အတိတ်က အမှားတွေကြားကနေ ရုန်းထွက်ဖို ကြိုးစားနေတဲ့ ရဲအရာရှိတိုရဲ့ ကြားက “Cat-and-mouse” ကစားပွဲကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။
Jeethu Joseph ရဲ့ ထုံးစံအတိုင်း မထင်မှတ်ထားတဲ့ Twists တွေနဲ့ ရင်တလှပ်လှပ် ဖြစ်စေမဲ့ Dark Thriller ဇာတ်လမ်းမျိုးဖြစ်လို Crime Drama အကြမ်းစားတွေကို ခိုက်တဲ့သူတွေအတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။
Genre ….. Crime, Drama, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 940.81MB / 1.68GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel