Ads
ads
Raakaasa

Raakaasa

Apr. 03, 2026India130 Min.NR
Your rating: 0
6 1 vote

Synopsis

Raakaasa (2-0-2-6) Telugu

IMDB ⭐️ 8.8/10

“ချစ်သူနဲ့အတူ နှစ်ကိုယ်တူတွဲပျော်ချင်တာပါဆိုမှ… မိစ္ဆာကြီးက တတိယဘီးလာလုပ်နေတဲ့အခါ…”

Horror Comedy ကားကောင်းကောင်း မျှော်နေတဲ့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ၂၀၂၆ အသစ်စက်စက် Telugu ဇာတ်ကားလေး “Raakaasa” နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။

ဒီကားလေးမှာတော့ Sangeeth Shobhan နဲ့ မင်းသမီးချောလေး Nayan Sarika တို ခေါင်းဆောင်ပါဝင်ထားပြီး ဟာသမှာ ရှယ်ပိုင်တဲ့ Vennela Kishore, Brahmaji နဲ့ ဝါရင့်သရုပ်ဆောင်ကြီး Ashish Vidyarthi တိုပါ အားဖြည့် ထားတဲ့အတွက် ဟာသခန်းတွေကတော့ တော်တော်မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။

ဇာတ်လမ်းလေးကတော့ နိုင်ငံခြားကနေ အိန္ဒိယကို ပြန်လာတဲ့ လူငယ်လေးတစ်ယောက်က မထင်မှတ်ဘဲ အင်မတန် အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ ရှေးဟောင်းအမှောင့်ပယောဂကြီးတစ်ခုကို အမှတ်တမဲ့ သွားနှိုးမိရာကနေ စတင်ပါတယ်။

ချစ်သူနဲ့သာယာဖို့ပြန်အလာ ရစလေးရဲ့မင်္ဂလာဆိုင်းဝိုင်းကြီးက ရင်ဝကိုဆောင့်ကန်လိုက်သလိုဖြစ်သွားတဲ့ ငနဲသားလေးတစ်ယောက် ဘုံဆိုင်မှာ သေသောက်ကြူးလုပ်ရင်း ကံဆိုးချင်တော့ နောက်နေ့သူနိုးလာချိန်မှာ ရဲကားလေးတဝှီဝှီပေါ် ရောက်သွားပြန်ပါတယ်။

ကံကဆိုးချင်တော့ သူမူးပြီးအိပ်နေတဲ့နေရာက ရွာရဲ့ တားမြစ်နယ်ဖြစ်ပြီး သူအိပ်ပျော်နေတဲ့နားမှာ အလောင်းသွားတွေ့တဲ့အတွက်ပါ။ ချစ်သူလေး နောက်တစ်ယောက် ထပ်ရဖို့ ကံလေးဖန်လာတုန်းမှာ ထပ်ပြီး ချီးကားတိုက်ချင်ပြန်တော့ ခံတပ်ထဲက အမှောင့်မိစ္ဆာကြီးပါ ထပ်နှိုးမိပြန်တဲ့အခါ…

အချစ်ရေးလေး သာယာဖို ကြိုးစားနေတုန်းမှာပဲ ကြားဖြတ်ဝင်လာတဲ့ သရဲကြီးကြောင့် သူတိုရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ကမောက်ကမဖြစ်ပြီး ဘယ်လိုတွေ ဗျာများရမလဲ…

အသက်လုပြေးရမဲ့ အခြေအနေတွေကြားမှာ ရယ်စရာ ဟာသအလွဲတွေကရော ဘယ်လို အချိုးကျကျ ပါဝင်လာမလဲဆိုတာ ရှုစားရမှာပါ။

ကြောက်လည်းကြောက်ရ၊ ရယ်လည်းရယ်ရမဲ့ Fantasy Comedy Horror အမျိုးအစားဖြစ်တာမို အကြောက်လွန်ပြီး စိတ်မွန်းကျပ်တာမျိုး မဖြစ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ အူတက်အောင် ရယ်ရမဲ့ ကားမျိုးပါ။

Horror Comedy Vibe လေးနဲ့ Weekend မှာ အပန်းဖြေချင်တဲ့ ဘော်ဒါတွေအတွက်တော့ ကွက်တိမတ်စိဖြစ်မဲ့ ဇာတ်ကားလေးမို ခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးစို။

Genre ….. Comedy, Fantasy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.14GB / 2.79GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Raakaasa
Original title రాకాస
IMDb Rating 8.9 3,132 votes
TMDb Rating 7.3 3 votes

ads

Similar titles

You Stole My Heart
Driver’s Ed
Grand Prix of Europe
My Old Ass
Eternity
Written & Directed by God
Hot Young Bloods
Deva
Metro… In Dino
Champagne Problems
Distant
The Life List

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On