
The Vvaan 2026
==============
IMDB ⭐️ 6.1/10
တားမြစ်တောရဲ့ လျှို့ဝှက်ချက်
၇ ရာစုနှစ်ကတည်းက နတ်ဘုရားမတစ်ပါးစောင့်ရှောက်ထားတယ်လို့ ယုံကြည်ကြတဲ့ ဒေဗန်ချယ်မြို့က လျှို့ဝှက်ဆန်းကြယ်တဲ့ တောအုပ်ကြီးဟာ နေဝင်ပြီးတာနဲ့ ဘယ်သူမှ ဝင်ခွင့်မရှိတဲ့ နေရာတစ်ခုပါ။ ရှေးဟောင်းဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတဲ့ အဲဒီမြို့လေးဆီကို ကလေးရဖို့ အသည်းအသန်ကြိုးစားနေတဲ့ ရီရှီနဲ့ မန်တာတို့ဇနီးမောင်နှံ ရောက်ရှိလာကြတဲ့အခါ…
မန်တာကတော့ နတ်ဘုရားမရဲ့အကူအညီနဲ့ သူတို့ရဲ့ ဆုတောင်းတွေ ပြည့်ဝလာလိမ့်မယ်လို့ ယုံကြည်နေသလို ရီရှီကတော့ မိသားစုမြေယာကိစ္စကြောင့်သာ ဇာတိမြေကို ပြန်လာခဲ့တာပါ။ ဒါပေမဲ့ သူတို့ရဲ့ ခရီးစဉ်ဟာ ထင်ထားသလို ရိုးရှင်းမနေခဲ့ပါဘူး။ ရှေးရာစုနှစ်တွေကတည်းက ဖုံးကွယ်ထားခဲ့တဲ့ တောအုပ်ကြီးရဲ့ လျှို့ဝှက်ချက်တွေနဲ့ နတ်ဘုရားမရဲ့ ဒဏ္ဍာရီလာကျိန်စာတွေကြားမှာ ဘယ်လိုထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံတွေ့လာရမလဲ။
ပေါ့ပေါ့ပါးပါး ဇာတ်ဝင်ခန်းတွေနဲ့အတူ ဒဏ္ဍာရီဆန်ဆန်လျှို့ဝှက်ချက်တွေ၊ သည်းထိတ်ရင်ဖိုစရာအဖြစ်အပျက်တွေကို ပေါင်းစပ်တင်ဆက်ထားတာမို့ အစကနေအဆုံး စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပါပဲဗျာ။
Genre ….. Action, Adventure, Thriller
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.28GB / 2.21GB
Review ….. LL
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel