
P_o-o_j-a M-e_r-i J-a_a-n (2-0-2-6) Hindi
=================================
“အချစ်ကို ငြင်းပယ်ခွင့်ဆိုတာ မိန်းကလေးတိုင်းမှာ ရှိမနေဘူးလား… ကိုယ်မချစ်တဲ့သူကို ငြင်းလိုက်မိတဲ့အတွက် ကိုယ်တိုင် လူသတ်သမားတစ်ယောက်လို စွပ်စွဲခံရတဲ့အခါ…”
ဒီကနေ့ အောက်တိုဘာ ၂ ရက်နေ့မှာ ပူပူနွေးနွေး ထွက်ရှိလာတဲ့ Psychological Crime Thriller ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး Mrunal Thakur (Sita Ramam ထဲက မင်းသမီး) နဲ့ သရုပ်ဆောင်ပိုင်နိုင်တဲ့ မင်းသမီးကြီး Huma Qureshi တိုက အဓိက ခေါင်းဆောင်ပါဝင်ထားပြီး ဝါရင့်မင်းသားကြီး Vijay Raaz နဲ့ Vikram Singh Chauhan တိုကလည်း အားဖြည့်ပါဝင်ထားပါတယ်။
ဇာတ်လမ်းကတော့ ပူဂျာ (Mrunal Thakur) ဆိုတဲ့ ကောင်မလေးနဲ့ သူ့ကို အသေအလဲ စွဲလမ်းနေတဲ့ အန်နီကတ် (Vikram Singh Chauhan) ဆိုတဲ့ ကောင်လေးတိုကြားကနေ စတင်ပါတယ်။
အန်နီကတ်က ပူဂျာကို လူပုံအလယ်မှာ လက်ထပ်ခွင့်တောင်းပေမဲ့ ပူဂျာက သူ့ကိုမချစ်တဲ့အတွက် သီးသန့်ခေါ်ပြီး ငြင်းဆိုလိုက်ပါတယ်။ စကားများရန်ဖြစ်ပြီးနောက် ပူဂျာက သူ့ကို နောက်မနှောင့်ယှက်ဖိုပြောပြီး ထွက်သွားခဲ့တာပေါ့။
ဒါပေမဲ့ ပြဿနာက အဲဒီမှာတင် မပြီးသွားပါဘူး။ ပူဂျာ ငြင်းလိုက်တဲ့အတွက် အန်နီကတ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အပြင် ပူဂျာ့ကြောင့် သေရတာပါဆိုပြီး မေးလ်တစ်ခုပါ ချန်ထားခဲ့တဲ့အခါ…
ရိုးရှင်းတဲ့ ကိုယ်ရေးကိုယ်တာ ငြင်းပယ်မှုတစ်ခုကနေ တစ်နိုင်ငံလုံးက စိတ်ဝင်စားတဲ့ တရားဥပဒေနဲ့ လူမှုရေးပြဿနာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။ အန်နီကတ်သေဆုံးမှုနဲ့ ပတ်သက်ပြီး လူသတ်သမားလို စွပ်စွဲခံရ၊ ဝိုင်းဝန်းကဲ့ရဲ့ခံရတဲ့ ပူဂျာတစ်ယောက် ရှေ့နေ ဆာနာရဲ့ အကူအညီနဲ့ ဒီအကျပ်အတည်းကနေ ဘယ်လိုရုန်းထွက်မလဲ…
လူတွေရဲ့ အထင်အမြင်လွဲမှားမှုတွေ၊ စွပ်စွဲချက်တွေနဲ့ အစွဲအလမ်းကြီးတဲ့ အချစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ ရှုစားရမှာပါ။
သာမန် Crime Thriller တွေလို လူသတ်သမားလိုက်ရှာတဲ့ ကားမျိုးမဟုတ်ဘဲ လူ့အသိုင်းအဝိုင်းရဲ့ အမြင်တွေ၊ အစွဲအလမ်းတွေနဲ့ Victim Blaming တွေကို ထိထိမိမိ ရိုက်ပြထားတဲ့ ကားကောင်းလေးဖြစ်ပါတယ်။ Mrunal Thakur ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ပြောစရာမလိုအောင် ကောင်းမွန်တာမို Thriller Drama ကောင်းကောင်း ကြိုက်တဲ့ ဘော်ဒါတွေအတွက် ခုပဲ ပြေးကြည့်လိုက်ကြဖို တိုက်တွန်းလိုက်ပါတယ်ဗျာ။
Genre ….. Crime, Romance, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.07GB / 2.05GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel