Ads
ads

Video Sources 0 Views

  • Watch trailer
Ninja Wars – Black Fox vs Shogun’s Ninja

Ninja Wars – Black Fox vs Shogun’s Ninja

Mar. 30, 2026JapanNR
Your rating: 0
6 1 vote

Synopsis

Ninja Wars: Blackfox Vs Shogun’s Ninja (2026)

ကဲ… တော်ကီမဖုတ်ဘဲ အမှန်အကန်ဖြုတ်မဲ့ အက်ရှင်ကားကြမ်းကြမ်း ကြိုက်တဲ့ ဘော်ဒါတွေအတွက် ဂျပန် Samurai-Ninja Universe ကြီးထဲက အသစ်စက်စက် Crossover ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားကတော့ Tokusatsu ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ ဒါရိုက်တာ Koichi Sakamoto ကိုယ်တိုင် ဖန်တီးထားတဲ့ Sakamoto’s Ninja Universe က ဇာတ်ကားသစ်ကြီးပဲ ဖြစ်ပါတယ်။

အရင်ကားတွေကို အနည်းငယ် ပြန်နွှေးရရင် “BLACKFOX: Age of the Ninja (2019)” တုန်းက Fox Clan ရဲ့ မိန်းမချောလေး ရစ်ကာ ရဲ့ အကြမ်းစား အက်ရှင်တွေကို မြင်ခဲ့ရသလို၊ မကြာသေးခင်ကမှ ထွက်ထားတဲ့ “SHOGUN’S NINJA (2025)” မှာလည်း Fuma Ninja မျိုးဆက်တွေဖြစ်တဲ့ အိုခရိုတို့နဲ့ ယာဂယူ ဆာမူရိုင်းတွေရဲ့ အားပြိုင်မှုတွေကို ရှယ်ခိုက်ခဲ့ရတာ မှတ်မိကြဦးမှာပါ။

ဒီတစ်ခါ ၂၀၂၆ ဗားရှင်းမှာတော့ အဲဒီဇာတ်လမ်းနှစ်ခုက ကမ္ဘာနှစ်ခု ပေါင်းဆုံသွားပြီး… “Fox Clan”, “Fuma Ninja” နဲ့ “Iga Ninja” ဆိုတဲ့ နာမည်ကြီး နင်ဂျာ ၃ ဖွဲ့ ပူးပေါင်းပြီး ဘုံရန်သူကို ချောချောလေးနဲ့ ဝိုင်းတီးပေးမှာပါ။

ဇာတ်လမ်းကတော့ Fox Clan က ရစ်ကာ နဲ့ Fuma Ninja က အိုခရိုတို့ ဆုံတွေ့သွားပြီး ဘုံရန်သူကို ရင်ဆိုင်ဖို့အတွက် မဖြစ်မနေ ပူးပေါင်းရတဲ့ အခြေအနေကနေ စထားပါတယ်။

သူတို့ရင်ဆိုင်ရမယ့် ရန်သူကတော့ သာမန်မဟုတ်ဘဲ တိုကူဂါဝါ မိသားစုကို လက်စားချေဖို့ ကြိုးစားနေတဲ့ ဟတ်တိုရီ ဟန်ဇို ဦးဆောင်တဲ့ အီဂါ အဖွဲ့ကြီးပါပဲ။

ရှိုးဂန်းအုပ်ချုပ်သူရဲ့ အနာဂတ်နဲ့ နိုင်ငံရဲ့ ကံကြမ္မာအတွက် ဒီနင်ဂျာအဖွဲ့တွေကြားက အားပြိုင်မှုမှာ ဘယ်သူတွေက အနိုင်ရမလဲ၊ အသက်လုပွဲတွေကြားမှာ ဘယ်လို ပရိယာယ်တွေနဲ့ လုပ်ကြံကြမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။

ဒီကားမှာ အက်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Kane Kosugi နဲ့ Yasuaki Kurata တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်ထားသလို၊ Tokusatsu အက်ရှင်မင်းသမီးတွေလည်း အများကြီး အားဖြည့်ထားတော့ Casting ပိုင်းကတော့ ပြောစရာမလိုသလို နင်ဂျာကားပီပီ ဆာမူရိုင်းဓားရေးတွေ၊ လျှို့ဝှက်လက်နက်တွေနဲ့ Close Combat အက်ရှင်ခန်းတွေကို ဖောဖောသီသီ ထည့်ပေးထားတာဖြစ်လို့ နင်ဂျာ ဆာမူရိုင်းဆို မကြမ်းရင်မကြည့်ဘူး ဖိုက်မှခိုက်တာဆိုတဲ့ ဘော်ဒါဘော်ဂျွတ်တို့ ခုပဲရှိုးလိုက်ကြပါတော့ခင်ဗျာ။

Genre ….. Action, History
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 993.69MB / 1.74GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray

Rainbow Channel

Original title Ninja Wars - Black Fox vs Shogun's Ninja

ads

Similar titles

The Childe
Last Bullet
Tornado
Weapon
Knightfall
ဌာနအပြောင်းနိုင်ဆုံး ရဲအရာရှိ
The Unholy 2
Dhurandhar
Sentinel
Mahavatar Narsimha
Aavesham
Furiosa: A Mad Max Saga

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On