Ads
ads

Video Sources 0 Views

  • Watch trailer
Ta Khon : The Cursed Mask

Ta Khon : The Cursed Mask

Nov. 20, 2025NA106 Min.G
Your rating: 0
8 1 vote

Synopsis

“Ta Khon: The Cursed Mask” (2025)  “ကျိန်စာသင့် မျက်နှာဖုံး”

IMDB ⭐️ 7/10

ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ “ဖီတံခွန်” ဆိုတဲ့ ရိုးရာမျက်နှာဖုံးပွဲတော်ကို အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

“ဖီတံခွန်” ပွဲတော်ကတော့ ဒေသခံအတွင်းမှာရှိတဲ့ ဘိုးဘေးဝိညာဉ်တွေကို အရိုအသေပြုလုပ်တဲ့ပွဲပဲဖြစ်ပါတယ်။ ဒီပွဲတော်မှာဆိုရင် ဒေသခံတွေဟာ မျက်နှာဖုံးတွေပြုလုပ်ကြပြီးတော့ ပွဲတော်ရက်အတွင်းမှာ မျက်နှာဖုံးတွေ တပ် ခေါင်းလောင်းသံတွေ တချွင်ချွင်နဲ့ ဘိုးဘေးဝိညာဉ်တွေကို ပူဇော်ပြီးနောက်မှာ ပွဲတော်ပြီးတာနဲ့ အဲဒီမျက်နှာဖုံးတွေကို မြစ်ထဲမျှောကာ အညစ်အကြေးတွေ သန့်စင်သွားတယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့လည်း ဒီပွဲတော်မျက်နှာဖုံးတွေရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရှေးဟောင်းကျိန်စာတစ်ခု ရှိနေပါတယ်။

ဂျွိုင်လို့ခေါ်တဲ့ကောင်လေးဟာ ညီမဖြစ်သူ ဂျက်ရယ် အဘွားဖြစ်သူ အဘွားသင်တို့နဲ့အတူ နေထိုင်နေပါတယ်။ အဘွားသင်ဟာ သူ့ခင်ပွန်းဖြစ်သူက ရွာသားတွေကို နတ်ကွန်းဆောက်ဖို့အတွက် သူတို့ပိုင်မြေထဲကနေ ခွဲပေးထားတဲ့မြေကို ခင်ပွန်းဖြစ်သူဆုံးသွားချိန်မှာတော့ ပြန်တောင်းပြီး သားဖြစ်သူအတွက် အိမ်ဆောက်ပေးခဲ့ရာကနေ ဒီဇာတ်လမ်းက စတင်ခဲ့တာဖြစ်ပါတယ်။

နတ်ကွန်းပိုင်မြေကို ပြန်ယူလိုက်ကတည်းက သူတို့မိသားစုဟာ ကံဆိုးမှုတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံး အဘွားသင်ရဲ့ သားဖြစ်သူ ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုနဲ့ နေလာရင်း မြေးဖြစ်သူ ဂျွိုင် အရွယ်ရောက်လာတဲ့အချိန်ထိ အဘွားသင်ဟာ သားဖြစ်သူဆုံးသွားတာကို လက်မခံနိုင်ဖြစ်လို့နေပါတယ်။

ဒီလိုနဲ့ အဘွားသင်တစ်ယောက် မျက်နှာဖုံးစွပ်လျက်နဲ့ သေဆုံးသွားရာကနေ ဘာတွေ ဆက်ဖြစ်မလဲ ……
အဘွားသင်ရဲ့ သေဆုံးမှုနောက်ကွယ်က ရိုးရဲ့လား …..
ဒီသတင်းကို လိုက်တဲ့ သတင်းထောက်မလေးနဲ့ ဂျွိုင်တို့ကရော ဘယ်လိုဇာတ်လမ်းတွေ ဖြစ်လာမလဲ …….
“ဖီတံခွန်” ပွဲတော်ကြီးနဲ့ ဂျွိုင်တို့မိသားစုရဲ့ ကံဆိုးမှုတွေကရော ဆက်စပ်နေမလား…. ဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် သမိုင်းနောက်ခံအကြောင်းအရာတွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။

Genre ….. Horror, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 798.66MB / 1.64GB
Review ….. Elsa
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Ta Khon : The Cursed Mask
Ta Khon : The Cursed Mask
Original title ตาโขน
IMDb Rating 7 10 votes
TMDb Rating 5 1 votes

ads

Similar titles

The Prosecutor
A Deadly Ride
The Cure
The Captives
Project Wolf Hunting
The Box in the Attic
Halabala
Eagle
The Confession
Eternal Bond
Anatomy Lab
Citizen Vigilante

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On