Ads
ads
The Box in the Attic

The Box in the Attic

May. 01, 2026USA73 Min.NR
Your rating: 0
9 1 vote

Synopsis

The Box in the Attic (2026)
======================

“လျှို့ဝှက်ချက်ဆိုတာ တူးဖော်မိတဲ့အခါ ပေးဆပ်ရမဲ့ တန်ကြေးက ကြီးလွန်းနေတတ်တယ်…”

Horror ကားကောင်းကောင်းလေးတွေ မျှော်နေတဲ့ ပရိသတ်ကြီးအတွက် အခုမှ ထွက်ထားတဲ့ ၂၀၂၆ ဟော်ရာကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးကတော့ သွေးထွက်သံယို Jumpscare ဇာတ်ကွက်တွေထက် အိမ်ဟောင်းကြီးထဲက အငွေ့အသက်နဲ့ ကျောချမ်းချင်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို အခြေခံထားတဲ့ ဇာတ်ကားမျိုးပါ။

ဇာတ်လမ်းကတော့ မိခင်ဖြစ်သူနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ အယ်လီတစ်ယောက် အမေ သေဆုံးသွားတဲ့အခါ ငယ်ဘဝအိမ်ဟောင်းလေးဆီကို ပြန်ရောက်လာရာကနေ စတင်ပါတယ်။ အိမ်ကြီးကို ရှင်းလင်းရင်း အပေါ်ထပ် ထပ်ခိုးထဲမှာ ဖုန်တက်နေတဲ့ သေတ္တာဟောင်းတစ်လုံးကို သွားတွေ့ပါတော့တယ်။

ကိုယ့်ဘာသာဆို ဖွင့်ချင်မှဖွင့်ဖြစ်မှာပေမဲ့ “မဖွင့်ရ” လို့ တားမြစ်ထားတဲ့အရာကို မြင်လိုက်မှ စပ်စုချင်တာ လူ့သဘာဝဆိုတော့ အယ်လီလည်း အဲဒီသေတ္တာရဲ့ ချိပ်ပိတ်ထားတဲ့ တံဆိပ်ကို ဖောက်ပြီး ဖွင့်လိုက်မိတဲ့အခါ…

အဲဒီသေတ္တာထဲကနေ သူတို့မိသားစု မျိုးရိုးစဉ်ဆက် ဖုံးကွယ်ထားခဲ့တဲ့ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်တွေ၊ ကျိန်စာတွေနဲ့အတူ ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးတွေ လွတ်မြောက်လာပါတော့တယ်။

တကယ်တော့ ဒီအရာတွေက ရိုးရိုး မကောင်းဆိုးဝါးတွေ မဟုတ်ဘဲ အတိတ်က လူမသိသူမသိ ဖုံးကွယ်ထားတဲ့ အပြစ်တွေနဲ့ပါ ဆက်စပ်နေတဲ့အခါ…

လွတ်မြောက်လာတဲ့ အမှောင်မိုက်ဆုံး အရာတွေကို သူ ဘယ်လိုရင်ဆိုင်မလဲ… အိမ်ဟောင်းကြီးထဲမှာ တစ်ယောက်တည်း ဘယ်လို အသက်လုရုန်းကန်ရမလဲဆိုတာကိုတော့ ….

Genre ….. Horror, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 593.62MB / 1.34GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Original title The Box in the Attic

ads

Similar titles

Sweetness
Godzilla Minus One
Shelter
Dridam
Alas Roban
Not Without Hope
I Will Never Leave You Alone
Wings of Dread
Jawan
The Painted
Maareesan
Karam

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On