Ads
ads

Video Sources 0 Views

  • Watch trailer
Unmadham

Unmadham

Jul. 31, 2026NA141 Min.NR
Your rating: 0
8 1 vote

Synopsis

U_n-m_a-d_h-a_m (2-0-2-6)
=======================

IMDB ⭐️ 6.3/10

“အမှန်တရားကို လိုက်ရှာရင်း ကိုယ့်ဖြစ်တည်မှုပါ ပျောက်ဆုံးလာတဲ့အခါ…”

Malayalam Thriller ကားကောင်းကောင်း မျှော်နေတဲ့ ပရိသတ်တွေအတွက် အခုပဲ ပူပူနွေးနွေး OTT ထွက်လာတဲ့ အသစ်စက်စက် Psychological Crime Thriller ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာတော့ မလေယာလမ်ပရိသတ်တွေရဲ့ အချစ်တော် Kunchacko Boban နဲ့ Lijomol Jose တိုက အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။

ဇာတ်လမ်းကတော့ ရဲအလုပ်ကို သိပ်စိတ်မဝင်စားဘဲ ဇာတ်ညွှန်းရေးဆရာဖြစ်ချင်တဲ့ ရဲတပ်သား ရှယ်လီဆီကနေ စတင်ပါတယ်။ သူ့ရဲ့ အိပ်မက်နောက်ကိုလိုက်ဖို အလုပ်ကနေ ခွင့်ယူခဲ့ပေမဲ့ ငွေရေးကြေးရေး အခက်အခဲတွေကြောင့် မတတ်သာဘဲ ရဲယူနီဖောင်းကို ပြန်ဝတ်ရပါတော့တယ်။

အလုပ်ပြန်ဝင်ဝင်ချင်းမှာပဲ အမှားတစ်ခုလုပ်မိလို ခေါင်ခိုက်နေတဲ့ နယ်စွန်နားဖျားက ရဲစခန်းလေးတစ်ခုဆီ အပြောင်းခံလိုက်ရပါရော။

အဲဒီစခန်းမှာ တာဝန်ကျနေတုန်း… ဘယ်သူမှ ကိုင်တွယ်ဖို မရဲတဲ့၊ နှစ်ပေါင်းများစွာ ပိတ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ သေဆုံးမှုဖိုင်ဟောင်းကြီးကို သူက သွားတွေ့ပြီး အမှုပြန်ဖော်ဖို ဆုံးဖြတ်လိုက်ပါတယ်။ သူက ဒီအမှုကို ဖြေရှင်းနိုင်ရင် မြို့ကို ပြန်ပြောင်းခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရယ် ဒီအမှုကို ဇာတ်ညွှန်းရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒီအမှုကတော့ အမှုတွဲ ၁၇၄ ပါ။

ဒါပေမဲ့ ဒီအမှုက သာမန်မှုခင်းတစ်ခု မဟုတ်ခဲ့ပါဘူး။ အမှုကို လိုက်လေလေ… ရှယ်လီရဲ့ ခေါင်းထဲမှာ ခြောက်ခြားစရာ အိပ်မက်ဆိုးတွေ၊ မြင်ကွင်းတွေ မြင်လာရလေ ဖြစ်လာတဲ့အခါ…

သူစုံစမ်းနေတဲ့ အရာတွေက တကယ်ပဲ တစ္ဆေသရဲတွေရဲ့ လက်ချက်လား၊ ဒါမှမဟုတ် သူရေးနေတဲ့ ဇာတ်ညွှန်းနဲ့ လက်တွေ့ဘဝ ကြားက မျဉ်းပါးပါးလေး ပျောက်ဆုံးပြီး သူ့စိတ်တွေပဲ ဖောက်ပြန်လာတာလားဆိုတာကတော့…

Police Procedural Drama ပုံစံကိုမှ Supernatural နဲ့ Psychological Vibe တွေပါ ရောမွှေထားတာမိုလို အစအဆုံး ရင်တမမနဲ့ ကိုယ်တိုင်ပါ စုံထောက်ဝင်လုပ်ရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။

Genre ….. Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.04GB / 2.21GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Unmadham
Unmadham
Unmadham
Original title ഉന്മാദം
IMDb Rating 6.3 1,185 votes
TMDb Rating 6.5 1 votes

ads

Similar titles

11 Rebels
Sikandar
Death Whisperer 2
Hari Hara Veera Mallu: Part 1 – Sword vs Spirit
Joker: Folie à Deux
Seven Snipers
Striking Rescue
Visfot
Arulvaan
The Debt Collector
Protector
Kishkindhapuri

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On