
Hoppers (2-0-2-6)
IMDB ⭐️ 7.4/10
“ဘီဗာကြားထဲမှာ ပုန်းနေတဲ့… အမွှေးပွပွ သူလျှိမလေး”
Zootopia ရဲ့ ကမ္ဘာကို ချစ်တဲ့သူတွေ၊ Pixar ရဲ့ ကာတွန်းကားဆိုရင် Quality ကို ယုံပြီးသားဆိုတဲ့ ပရိသတ်တွေအတွက် ၂၀၂၆ မှာ ထွက်လာတဲ့ အလန်းစား Sci-fi Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ.
ဒီကားမှာ အဓိကဇာတ်ဆောင် Mabel အဖြစ် အသံသရုပ်ဆောင်ထားတာကတော့ ကျွန်တော်တို့ရဲ့ အချစ်တော် Piper Curda ပဲဖြစ်ပြီး၊ Jon Hamm နဲ့ Bobby Moynihan တို့လို ဝါရင့်သရုပ်ဆောင်တွေကလည်း အားဖြည့်ပေးထားပါတယ်။ ဒါရိုက်တာကတော့ We Bare Bears နဲ့ လူသိများတဲ့ Daniel Chong ဆိုတော့ ဟာသအပိုင်းကတော့ အခွီတွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ
ဇာတ်လမ်းအကျဉ်းလေးကတော့
မေဘယ်လ်ဆိုတဲ့ ကောင်မလေးဟာ တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ဖို့ ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်။ မြို့တော်ဝန်က တောကိုဖြတ် လမ်းဖောက်ချင်နေတာကို ဆန့်ကျင်နေတဲ့ လူထူးလူဆန်း လူ့ဂွစာမလေးပေါ့။
ဒီလိုနဲ့အငြင်းအခုန်ဖြစ်ပြီး မတော်တဆတစ်ခုကြောင့် သူဟာ ထူးဆန်းတဲ့ နည်းပညာတစ်ခုကို သုံးပြီး သူ့ရဲ့ စိတ်ဝိညာဉ်က ဘီဗာရုပ်စက်ရုပ်လေးထဲ ထည့်သွင်းခံလိုက်ရပါတယ်။
ဒီချိန်မှာ ဖောက်ခွဲရေးလုပ်မဲ့ရေကန်ထဲ သက်ရှိလေးတွေပြန်ရောက်လာဖို့ ဘီဗာတစ်ကောင်လိုနေတော့ မေဘယ်လ်လည်း ဘီဗာတစ်ကောင်ရှာဖို့ တိရစ္ဆာန်လောကထဲကို သူလျှိအဖြစ် ဝင်ရောက်သွားခဲ့ပါတယ်။
တိရစ္ဆာန်တွေကြားထဲမှာ သူငယ်ချင်းအသစ်တွေ ရလာသလို၊ တစ်ဖက်မှာလည်း လူသားတွေရဲ့ မြေယာတိုးချဲ့မှုကြောင့် တိရစ္ဆာန်လေးတွေရဲ့ အိမ်ဂေဟာ ပျက်စီးရတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ… မေဘယ်လ် တစ်ယောက် ဖျံလေးတစ်ကောင်ရဲ့ ခန္ဓာကိုယ်နဲ့ လူသားနဲ့ တိရစ္ဆာန်လောကကြားက ပဋိပက္ခကို ဘယ်လိုဖြေရှင်းမလဲ၊ သူ့ရဲ့ တကယ့်ဝိညာဉ်ကရော လူ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်နိုင်ပါ့မလားဆိုတာကတော့….
Genre ….. Adventure, Animation, Comedy, Family, Sci-Fi
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.21GB / 2.4GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel